Part (11)

3.9K 407 7
                                    

"ချစ်တယ်လို့ မမကိုကျနော်ချစ်တယ်"

"ရုတ်တရက်ကြီး?"

"မမကိုကြိုက်တာအရင်ထဲကဆိုတာမမလဲသိရဲ့သားနဲ့ဗျာ။ ပြီးတော့တချို့စစ်သားတွေမမကိုလိုက်ကပ်နေတာလဲကျနော်မကြိုက်ဘူး"

"သူတို့ကသေနတ်ပစ်နည်းသင်ပေးရုံပါ"

"မမကျနော့်ကိုပြန်မရစ်နဲ့ဗျာ"

"ဟယ် ရစ်နေတာကမောင်လေးလေ။ မမဘာလုပ်နေလို့လဲ"

"အဲ့ဆိုမမအဖြေပြန်ပေးလေ။ မမကျနော့်ကိုချစ်တယ်မလား"

ဝမ်ရှီး : ".."

"မမ ကျနော့်ကိုချစ်တယ်မလားလို့။ မမ မမ"

ဝမ်ရှီးကမဖြေချင်လို့တိတ်ဆိတ်စွာနေလိုက်သော်လဲ ရှားစီကအသံကိုဆွဲပြီးတော့ ချွဲပြနေသောကြောင့် ဝမ်ရှီးလဲမနေနိုင်တော့ပဲ

"အင်း အင်း အင်း"

"မမကလဲဗျာ။ အင်း ဆိုတာဘာကြီးလဲ"

"အေးပါ အေးပါ။ ချစ်တယ်လို့ပြောတာ"

ရှားစီကပျော်သွားကာသေနတ်ထဲကျည်ဖြည့်နေတဲ့ဝမ်ရှီးရဲ့ခါးကိုဆွဲဖက်လိုက်လေသည်။ ဝမ်ရှီးကလန့်သွားပြီးကျည်တွေတောင်လွတ်ကျမလိုဖြစ်သွားသည်။

ရှားစီကဝမ်ရှီးကိုတင်းကြပ်စွာဖက်ထားလေသည်။ နဲနဲကြာမှလွှတ်လိုက်ပြီး

"မမက ဒီနေ့ကစပြီးကျနော့်အပိုင်ပဲ"

"အေးပါ။ မောင်လေးအပိုင်"

ဝမ်ရှီးနဲ့ရှားစီကစကားပြောနေတုန်းအရေးပေါ်ဘဲလ်တီးသံကြားလိုက်ရလေသည်။ ထိုဘဲလ်ကိုကယ်ဆယ်ရေးလုပ်တဲ့အချိန်ဖြစ်ဖြစ် ဇွန်ဘီတွေကျူးကျော်လာတာပဲဖြစ်ဖြစ်တီးလေ့ရှိသည်။

ဝမ်ရှီးနဲ့ရှားစီကဌါနချုပ်ကိုပြေးသွားလိုက်လေသည်။ ရောက်တော့ဗိုလ်ကြီးက

"အနောက်ဘက်ဂိတ်မှာကယ်ဆယ်သူအချို့ရောက်နေတယ်။ ဒါပေမယ့်ဇွန်ဘီတွေပြည့်နေလို့ကားအထဲဝင်လို့မရဘူး။ လေးယောက်သွား"

ဝမ်ရှီးနဲ့ရှားစီကသေနတ်တစ်လက်ဆီကောက်ကိုင်လိုက်ကာပါမယ့်သူတွေကိုကြည့်လိုက်တော့ ခပ်ချောချောနဲ့နုနုဖက်ဖက်ကောင်လေးတစ်ယောက်ကပါသေနတ်လာကိုင်တာကိုတွ့လိုက်ရသည်။

Villain Girl (Arc-2)Where stories live. Discover now