Part (7)

4.8K 435 16
                                    

တကယ်လို့များ တကယ်လို့ဒီအိပ်မက်တွေကအမှန်တိုင်းဖြစ်လာမှာဆိုရင်ဘာတွေဖြစ်မှာလဲ? သေခြင်းတရားကအဲ့လောက်ထိကြောက်ဖို့ကောင်းတာလား?

အဲ့ဒါရှားစီမဟုတ်ဘူး။ ရှားစီကအဲ့လောက်မရက်စက်တတ်ဘူး။ မဟုတ်ဘူး မဟုတ်ဘူး။ နောက်ဘဝတွေမှာလဲရှားစီကဒီလိုလူဖြစ်စရာအကြောင်းမရှိဘူး။

"မမ မမနိုးပြီလား။ မမ"

ဝမ်ရှီးကိုယ့်ကိုယ်ကိုဓားနဲ့ပြန်ထိုးတယ်ဆိုတာကိုသိရတာနဲ့ရှားစီတစ်ယောက် အရူးတစ်ပိုင်းပြေးလာခဲ့ရတာဖုန်းတောင်မပါခဲ့။

ဘာစိတ်ဖိစီးမှုတွေရှိနေလဲမသိရတဲ့ထိုမိန်းကလေးရဲ့မျက်နှာကဖြူဖျော့လို့။ ပွဲတုန်းကလဲရယ််မောပျော်ရွှင်နေတာပဲလေ။ ဘယ်လိုလို့များဒီလိုသတ်သေရတာလဲ။

ရှားစီကမိန်းကလေးရဲ့လှပကျော့ရှင်းတဲ့မျက်နှာလေးကိုကြည့်ရင်း မျက်ရည်တွေကျမိရသည်။ ဒီမိန်းကလေးမှာသူမသိနိုင်တဲ့ဒုက္ခတွေဘယ်လောက်များနေပြီလဲ။

အခုဒီမိန်းကလေးရဲ့မျက်တောင်လေးတွေလှုပ်ခတ်လိုက်တာနဲ့ နာမည်တစ်ခေါ်ခေါ်နဲ့ ဆရာဝန်အော်ခေါ်ရတာနဲ့ သူ့ကြည့်ရတာအလုပ်တွေရှုပ်လို့။

ဝမ်ရှီးတစ်ယောက်နိုးလာတော့သူ့ရှေ့မှာအရူးတစ်ပိုင်းလိုပြေးလွှားနေတဲ့ရှားစီကိုတွေ့လိုက်ရသည်။ ဝမ်ရှီးရှားစီကိုတွေ့လိုက်တော့ကုရှင်းရီကိုပြန်သတိရမိသွားလေသည်။

ဆရာဝန်ကစမ်းသပ်ပေးသွားပြီးတော့ ရှားစီက

"မမ ခေါင်းတွေဘာတွေကိုက်မနေဘူးမလား"

"မမမန်နေဂျာရော?"

"မမသတိမေ့နေတာတစ်ရက်ကျော်ပြီ။ မန်နေဂျာကနားဖို့ဆိုပြီးခနပြန်သွားတယ်"

ရှားစီကဒီလောက်ကြင်နာတတ်တာ မဖြစ်နိုင်တာ။ ကုရှင်းရီဖြစ်လာစရာအကြောင်းမရှိဘူး။ ငါသိသလောက်ဆိုဒီsystem တစ်ခုလုံးကိုဝိညည်တွေနဲ့ဖန်တီးထားတာပဲ။

ငါ့ရဲ့ဝိညည်ကငါ့ခန္ဒာကိုယ်ကထွက်လာပြီးကမ္ဘာအမျိုးမျိုးကကိုယ်ထဲဝင်ပြီး မစ်ရှင်တွေလိုက်လုပ်ရတယ်။ အရင်ဘဝမှာရောအခုဘဝမှာရောဗီလိန်ကအကွက်တွေနဲနဲမြန်လိုက်တာနဲ့ ဇာတ်လိုက်မကဗီလိန်အဖြစ်နဲ့ပြောင်းလဲသွားတယ်။

Villain Girl (Arc-2)Where stories live. Discover now