Lisa ဒီနေ့ နေ့လည်ပိုင်းအစည်းအဝေးရှိတာကြောင့်
hotel တစ်ခုကိုChae နဲ့အတူ တက်ခဲ့ရတယ်
ပြီးတာနဲ့ lisa ရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ M ကုန်တိုက်ကို
ခဏဝင်မယ်ဆိုပြီးရောက်လာခဲ့တော့
အရောင်းစာရေးတစ်ယောက်နဲ့တစ်ခုခုအချင်းများနေသော
လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ
Lisa တွေ့ခဲ့တဲ့ uncle kim ရဲ့ သမီးဖြစ်သူသူနဲ့အတူ ကောင်မလေးတစ်ယောက်လည်းပါလာတယ်
"ဘာဖြစ်နေကြတာလဲ?"
Lisa သူမတို့အနားကိုရောက်သွားပြီး မေးလိုက်တော့
အရောင်းစာရေးကကြောက်လန့်တကြီးနဲ့ခေါင်းကိုငုပ်ပြီ..."သူဌေး!"
"ဘာဖြစ်ကြတာလဲလို့ တို့မေးနေတယ်လေ"
"ဒီလိုပါ သူဌေး!
ဒီက ကလေးမလေးတွေက
Yves Saint Laurentရဲ့နောက်ဆုံးထုတ်
L'HOMME တစ်တန်းလုံးကို ပျက်စီးအောင်လုပ်သွားပါတယ်
သူ့အဖေက ဒါရိုက်တာ Kim လို့ပြောပြီး
ဒါရိုက်တာ့ဆီမှာပဲလျော်ကြေးသွားတောင်းခိုင်းနေတယ်""ဒီမှာ!
ရှင်လည်း ကျွန်မ ဘယ်သူဆိုတာသိနေတာပဲ
dady ဆီသာလျော်ကြေးသွားတောင်းလိုက်ပါ"Jennie က lisa ကိုကြည့်ပြီး ပြောလာခဲ့တယ်
lisa သက်ပြင်းတစ်ချက်ချလိုက်ရင်း ဝန်ထမ်းကိုကြည့်ပြီး"အဲ့ဒီ့ စင်ကို ရှင်းလိုက်ပါ
သွားလို့ရပြီ
တို့ဘာသာ ဒီကလေးတွေနဲ့ ပြောလိုက်မယ်""ဟုတ်ကဲ့ သူဌေး!"
ဝန်ထမ်းထွက်သွားပြီးတဲ့နောက်မှာတော့
lisaရဲ့ အကြည့်တွေက jennieဆီကို..."Lisa!
အဲ့ဒါနင်ပြောတဲ့ uncle kim ရဲ့ သမီးဆိုတာလား?""ဟုတ်တယ် chae!
ငါဒီကို လာတဲ့ အလုပ်ကိစ္စကို
မန်နေဂျာနဲ့ တစ်ချက်သွားပြောမလို့
အဲ့ဒါ ဒီကလေးနှစ်ယောက်ကို
ငါ့ရုံးခန်းထဲ ခဏခေါ်သွားလိုက်ပါ
ငါလာခဲ့မယ်""အေး"
Lisa ထွက်သွားတော့
chae ကလေးမလေး 2 ယောက်ကို
lisaရဲ့ရုံးခန်းထဲခေါ်လာလိုက်တယ်
YOU ARE READING
So far away(Completed)