"Jennie!"
အိမ်ထဲမရောက်သေးဘူး
ခြံအပြင်ကနေ အော်လာတဲ့ Joyရဲ့အသံက
တကယ့်ကို နားထဲစူးခနဲ့ပဲPh သုံးနေတာရပ်လိုက်ပြီး
နောက် လှည့်ကြည့်လိုက်တော့
ဧည့်ခန်းထဲကို အပြေးအလွှားဝင်လာတဲ့ Joy..."Uncle မရှိဘူးလား?"
"အလုပ်ကိစ္စရှိလို့ ခရီးသွားတယ်
ဒါနဲ့ နင်ခုလို အမောတကြီးလာတာက
ငါ့dady ရှိလား မရှိလားဆိုတာ မေးချင်လို့လား?""ဟင့်အင်း
ငါ ထိုင်ပါရစေဦး"Jennie ရှေ့က ထိုင်ခုံမှာဝင်ထိုင်ပြီး
အမောဖြေနေတဲ့သူကို မျက်စောင်းပစ်ထိုးလိုက်တယ်"ဘာကိစ္စလဲ?
မြန်မြန်ပြော ငါ့မှာအချိန်မရှိဘူး""နင်ဘာလုပ်စရာရှိလို့လဲ?"
"ငါ အလုပ်အတွက် စုံစမ်းနေတာလေ"
"Uncle ဆီမှာ မလုပ်ဘူးလား?"
"Dady ဆီမှာ မလုပ်ချင်ပါဘူး
အပြင် companyတစ်ခုခုမှာ ငါလုပ်ချင်တာ""အာ့ဆို အတော်ပဲ
ငါ အခုလာတာလည်း အဲ့အလုပ်ကိစ္စပဲ"မျက်လုံးတွေက အရောင်လက်နေပြီး
အသက်ရှူသံပုံမှန်မဟုတ်တဲ့ Joy ကိုကြည့်ပြီး
တစ်ခုခုကို အကူအညီတောင်းတော့မယ်ဆိုတာ
jennie ရိပ်မိလိုက်တယ်"ပြော နင့်အရှုပ်အထုပ်ကို"
"ငါ့အရှုပ်မဟုတ်ပါဘူးဟ
ဒီလိုဟာ...
ငါ့ momyက သူ့အသိ သမီးရဲ့ companyမှာ
အလုပ်တစ်နေရာကို ငါ့အတွက်ပြောပေးထားတယ်""အဲ့တော့?"
"နင်သိတဲ့အတိုင်း
ငါက oppaရဲ့Companyမှာအလုပ် လုပ်နေတာလေဟာ
အဲ့တော့ ငါ့နာမည်နဲ့ နင်အစား အလုပ်ဝင်ပေးပါလား?""နင်ရူးနေလား?"
အော်ပစ်လိုက်တယ်
Joy က တကယ့်ကို နာမည်နဲ့လိုက်အောင်
အမြဲပျော်ပျော်နေ ပေါ့ပေါ့တွေးတတ်သူပါခုကိစ္စက အခန့်မသင့်ရင်
ဒုက္ခရောက်သွားနိုင်တာ သူမသိတာများလား"Arrrrr!
ဖြေးဖြေးအော်ပါ ချေပုရာ
ငါ အဲ့က CEO နဲ့ ပြောပြီးပါပြီဟ
သူက ငါနဲ့ ငယ်ငယ်တည်းက ရင်းနှီးတယ်
နင် ငါ့ကို ကူညီပေးမယ်မှတ်လားဟင်?
နော်?"
YOU ARE READING
So far away(Completed)