Jennie ငိုနေမိတာ ဘယ်လောက်ကြာလဲမသိဘူး
မသဲမကွဲအလင်းရောင်တောင် ကောင်းကင်မှာထွက်ပေါ်လာပြီမို့
ခြေထောက်တွေကို အားတင်းပြီး မတ်တပ်ရပ်လိုက်ရင်း
ကားဆီကို လျှောက်လာလိုက်တယ်ကားနား ရောက်ရောက်ချင်းတွေ့လိုက်ရတာက
ခုဏကအတိုင်းရပ်ထားစဲဖြစ်နေတဲ့ darlingရဲ့ကား
ဒါပေမယ့် အထဲမှာ darlingတော့မရှိနေဘူး"မြန်မြန်တက်ခဲ့လေ
တစ်ညလုံးမအိပ်ရသေးဘူး
ဘာလို့ အဲ့မှာ အရူးလိုထိုင်နေတာလဲ?
ဒီမှာစောင့်နေတာကြာပြီ"Jennie ကားရဲ့ ကားမောင်းသူနေရာ
ကားတံခါးမှန်အပေါက်က ခေါင်းလေးပြူထွက်ပြီး
နှုတ်ခမ်းလေး တစူစူ ပြောနေတဲ့သူကတော့
Jennieရဲ့ အချစ်ရဆုံးသောသူ"Darling!"
မျက်နှာမှာ ချက်ချင်းပြုံးမိသွားတယ်
အလျင်အမြန်ပဲ ကားပေါ်တက်လိုက်တော့
Darlingက တစ်ဖက်ကို လှည့်လို့သွားတယ်"ထားခဲ့ပြီထင်တာ"
အနောက်ကနေ Darlingရဲ့ ခါးလေးကို
ဖက်ပြီး ပုခုံးပေါ်မေးတင်ရင်းပြောလိုက်တော့
Darlingက jennieရဲ့ လက်တွေအပေါ်ကနေ
သူ့ရဲ့ လက်တွေနဲ့ အုပ်မိုးပြီး ဆုပ်ကိုင်လာတယ်"အရမ်းခက်ခဲလို့လား baby?
ကိုယ်က အလျော့ပေးရဦးမှာလား?
တောင်းပန်ပါတယ်လို့ပြောလိုက်ရင် ဘာဖြစ်သွားမှာမို့လဲ?
ထားသွားခဲ့တဲ့သူကို မမုန်းနိုင်ဘဲနဲ့
သစ္စာဖောက်သွားတဲ့သူကို ဆက်ချစ်နေမိတဲ့ကိုယ်က
ထပ်ပြီး အလျော့ပေးရဦးမှာလား baby?
ကိုယ် အသက်လည်းကြီးနေပါပြီ
တစ်ခါလောက် တောင်းပန်တာကိုလိုချင်မိခဲ့တာ
တစ်ခါလေးပဲ ကလေးဆန်ပြီး စိတ်ဆိုးပြမိခဲ့တာပါ"ပြောပြီး မျက်ရည်တွေနဲ့
Jennie ဖက်ကိုလှည့်ကြည့်လာတဲ့ darlingကို
ဘာစကားမှပြန်မပြောနိုင်လောက်တဲ့အထိ
ရင်ထဲမှာ နာကျင်မှုကသာကြီးစိုးနေတယ်"တောင်းပန်ပါတယ်
နောက်ဆို ကိုယ်ကပဲ အမြဲအလျော့ပေးပါ့မယ်
ဘာလို့လမ်းခွဲဖို့ကိုပြောတာလဲ?
ဒီလူက babyကို ဘယ်လောက်ချစ်လဲဆိုတာမသိဘူးလား?
သတ်ပစ်လိုက်!
အဲ့လို ထပ်ပြောမယ်ဆို ကိုယ့်ကို အရင်သတ်ပစ်လိုက်!
Baby မရှိဘဲ ကိုယ်မရှင်သန်နိုင်ဘူး
ဒီလူကို ရူးပြီးသေသွားအောင်မလုပ်ပါနဲ့တော့ baby!
ကိုယ် babyကို အရမ်းချစ်တယ်"
![](https://img.wattpad.com/cover/239922651-288-k294980.jpg)
BINABASA MO ANG
So far away(Completed)