သို့..ချစ်သူ
Part- 11(သဝန်တိုမှု)
For zawgyi
"ရိပေါ်
မင်းဘာလုပ်လိုက်တာလဲလို့''"ငါဘာလုပ်လို့လဲ''
"မင်းမသိသလိုလုပ်မနေနဲ့
မာမီပြောတယ်
မင်းငါ့ကိုအလုပ်ထုတ်လိုက်တယ်ဆို
မင်းဥက္ကဌသားဖြစ်တယ်ဆိုပြီးအဲ့လိုလုပ်လို့ရမလား''"ရလို့ဘဲထုတ်လိုက်ပြီလေ''
"အဲ့အလုပ်ကိုငါဘယ်လောက်ထိဝါသနာပါလဲမင်းသိလား
မလုပ်ရဘူး
ငါလုံးဝမထွက်နိုင်ဘူး
ငါအန်ကယ်ကိုသွားပြောမယ်''"ရှောင်ကျန့်!!
ငါကကောင်းမယ်ထင်လို့စီစဉ်တာ
Wardထဲမှာဘယ်လောက်ပင်ပန်းလဲမင်းသိတယ်မလား''"မသိဘူး
သူများတွေလည်းလုပ်နေတာဘဲ''"မသိလို့မရဘူး
မင်းဗိုက်ကတော်ကြာထွက်လာတော့မှာ
မင်းကလေးတွေကိုစိတ်မပူဘူးလား''"အာ့ဆိုလည်းမီးဖွားခွင့်ယူလို့ရတာဘဲ
မင်းငါ့ကိုမတိုင်ပင်ဘဲလုပ်လိုက်တာတော့လွန်တယ်''"ငါရှာကျွေးတာစားစမ်းပါရှောင်ကျန့်ရာ
ပါးအမွေဖြတ်ရင်တောင်ငါမင်းတသက်လုံးကျွေးနိုင်တယ်
ကလေးကိုသေချာဂရုစိုက်..ဟုတ်ပြီလား''"မင်းဆေးရုံမှာတခြားကောင်မလေးတွေနဲ့ဘာညာမကြားချင်ဘူးနော်
ငါဆေးရုံမှာမလုပ်တော့ဘူးဆိုပေမယ့်ဆေးရုံမှာငါ့ဘော်ဒါတွေမှအများကြီး
ဟိုသတင်းဒီသတင်းကြားလို့ကတော့မင်းမလွယ်ဘူးမှတ်''ရိပေါ်ကသူပြောတာဂရုမစိုက်စွာအဝတ်တွေချွတ်ပြီးရေချိုးခန်းထဲဝင်သွားပါသည်။ရိပေါ်ချွတ်ထားခဲ့သောအဝတ်စားများကိုလျှော်မယ့်ခြင်းထဲကောက်ထည့်လိုက်ပြီးကုတင်ထက်မှာဖုန်းသုံးနေလိုက်သည်။
ခဏကြာတော့ရိပေါ်ကရေချိုးပြီးပြန်ထွက်လာခဲ့သည်။
"ရိပေါ်...မင်းထမင်းစားတော့မှာလား''
"ခဏနေမှစားမယ်''
သူရိပေါ်လက်ထဲကtowelကိုလှမ်းယူလိုက်ပြီးရိပေါ်နောက်မှာနေရာဝင်ယူလိုက်သည်။
"Dryer နဲ့မှုတ်ပေးရမလား''
"Dryerမကြိုက်ဘူး
မင်းသုတ်ပေး''
YOU ARE READING
သို့...ချစ်သူ(completed)
Fanfiction"သို့...ချစ်သူ" သို့...ချစ်သူ ငါတို့မုန်းခဲ့ကြပြီးပြီ ဝေးခဲ့ရဖူးသည်၊လွမ်းခဲ့ကြသည်.. အလွမ်းတွေကိုစာစီပြရရင်.. ငါမင်းကိုသိပ်ချစ်သည်ပေါ့ချစ်သူ... Start date - 26.8.20(Wed) End date - 30.9.20(W...