"သို့....ချစ်သူ''
Part- 17(XZ's day)
For zawgyi
ဒီနေ့ရှောင်ကျန့်တို့အိမ်ပြန်ရောက်နေသည်မှာတစ်ရက်ခန့်ရှိပြီ။မောင်ကတော့မနက်စောစောကတည်းကအလုပ်သွားပြီ။ကလေးတွေကိုထိန်းပေးမယ့်အဘိုး၊အဘွားတွေလည်းရှိတာကြောင့်ဒီနေ့ကတော့သူ့နေ့လို့ဆိုရမှာပင်..။
သူတို့သူငယ်ချင်းတွေချိန်းထားပြီးအပြင်လျှောက်လည်ကျမည်။"ဟွင်း..ဟွင်း
ဒီနေ့ကတော့ငါ့နေ့ဘဲ''ရှောင်ကျန့်အဝတ်အစားတွေလဲပြီးအောက်ထပ်ဆင်းလာခဲ့ပါသည်။
"မားသားကဒီနေ့သန့်နေပါလား..
ဘယ်သွားမလို့လဲ''"ဟဲ..ဟဲ
ဒီနေ့ကျိုးချန်တို့နဲ့လျှောက်လည်ကျမလို့
ယွဲ့ယွဲ့ကောကျိုးချန်ကောဒီနေ့day offလေ
ကျွန်တော်ဒီနေ့နည်းနည်းနောက်ကျမယ်နော်မား..
မောင်မေးရင်အဆင်ပြေသလိုသာဖြေလိုက်''"ကလေးတွေရော..''
"ဒီနေ့မားဘဲထိန်းလိုက်နော်..
ပြီးတော့ဒီဟာ..
ရီဟွားလေးကနို့မှုန့်တွေတိုက်လို့မရလို့ကျွန်တော်အဆင်သင့်ပြင်ထားတာ..
ရှောင်ဟွားကရတယ်''"ဟင့်..ဟင့်''
ရီဟွားကသူ့အဘွားလက်ထဲကသူ့ပါးပါးကိုမြင်လို့အသံထွက်လာသည်။
"မငိုပါနဲ့ကွာ..
ဒီနေ့တော့ဘွားဘွားနဲ့ဘဲနေလိုက်နော်..
ဘွားဘွားကိုသိပ်ဂျီမကျနဲ့..
ဘွားဘွားရိုက်လိမ့်မယ်''"ငါမရိုက်ရက်ပါဘူးဟယ်''
"ပါးပါးချစ်တုန်းလေး..မွမွ''
"ခ်ခ်''
"ပါးပါးအသည်းတုန်းလေး..မွမွ''
"ခ်ခ်''
ရှောင်ဟွားနဲ့ရီဟွားကိုတစ်လှည့်စီအာဘွားပေးတော့တစ်ခ်ခ်နဲ့ရယ်ကြသည်။
"နောက်ကျတော့မယ်
သွားတော့မယ်နော်မား''ကလေးတွေကိုစိတ်မချတာကနည်းနည်း၊အပြင်ထွက်ချင်တဲ့စိတ်ကများများရယ်။အပြင်မထွက်ရတာကြာတော့ပြင်ပကလေကအရမ်းလတ်ဆတ်နေသလိုပင်။
"ကျန့်ကျန့်
မင်းဒီနေ့လန်းနေပါလား''"ငါဘဲဟာ..
လန်းရမယ်လေ''
YOU ARE READING
သို့...ချစ်သူ(completed)
Fanfiction"သို့...ချစ်သူ" သို့...ချစ်သူ ငါတို့မုန်းခဲ့ကြပြီးပြီ ဝေးခဲ့ရဖူးသည်၊လွမ်းခဲ့ကြသည်.. အလွမ်းတွေကိုစာစီပြရရင်.. ငါမင်းကိုသိပ်ချစ်သည်ပေါ့ချစ်သူ... Start date - 26.8.20(Wed) End date - 30.9.20(W...