သို့..ချစ်သူ
Part- 7(သူတို့တွေဝေးပြီးရင်းဝေးခဲ့ကြတယ်)
For zawgyi
သူဘာဆက်လုပ်ရမလဲ။ဒီအတိုင်းဘဲအလိုက်သင့်နေလိုက်ရမလား။သူမှတ်ကောမှတ်မိပါ့မလား။
အဖျားကျပြီးအိပ်မောကျနေသူမျက်နှာကတော့အပြစ်ကင်းလို့။သူ့မှာသာထိုင်မရထမရနဲ့။ငိုထားလို့မျက်လုံးတွေလည်းဖောင်းနေပြီ၊အကိုက်ခံထားရတဲ့နှာခမ်းကလည်းဖူးယောင်နေလောက်ပြီ။အသက်ပြင်းချလို့အသက်တိုကြေးဆိုသူအသက်ပြင်းချတာဘယ်နှစ်ခေါက်ရှိမှန်းပင်မသိတော့။
မြန်မြန်လင်းပါတော့မိုးရေ..။သူတို့အသက်ဆက်ရှင်ရဦးမယ်မဟုတ်လား။
"ရှောင်းကျန့် ''
"ရိပေါ်
မင်းနိုးလာပြီလား
အရမ်းနာနေသေးလားဟင်''"ဘယ်နှစ်နာရီထိုးပြီလဲ''
"၅နာရီလောက်တော့ရှိပြီထင်တယ်''
ဝမ်ရိပေါ်ရှောင်းကျန့်ကိုရဲရဲမကြည့်ဝံ့ပါ။အရမ်းရှက်ဖို့ကောင်းသောအိပ်မက်ကိုသူမက်ခဲ့သည်မဟုတ်လား။အိပ်မက်ထဲမှာရှောင်ကျန့်ကအရမ်းချစ်ဖို့ကောင်းသည်။
အပြင်မှာမလုပ်ဝံ့သောအရာကိုအိပ်မက်ထဲမှာသူရှောင်ကျန့်အပေါ်လုပ်ခဲ့သည်။
ပေါင်နားကစေးကပ်ကပ်ခံစားမှုကြောင့်အပြင်မှာသူစွန့်ထုတ်ခဲ့မှန်းခန့်မှန်းလိုက်ပါသည်။"မင်းအနံ့တစ်ခုခုမရဘူးလား''
"ဟမ်..
အာ..အဲ့ဒါလား
ငါအရမ်းရှူးပေါက်ချင်လာတာနဲ့ဒီနားမှာပေါက်ချထားတာ..ဟီး😁''သူမမှတ်မိဘူး။သူ့ကို'မင်းနဲ့ငါဟိုဟာဖြစ်ခဲ့ကြတယ်'လို့ဖွင့်ပြောလိုက်ရမလား။ငါ့မျက်နှာကိုဘယ်နားသွားထားပြီးဖွင့်ပြောရမှာလဲ။ပြောတော့IQ180ကျော်တယ်ဆို။ဒါလေးတောင်မမှတ်မိဘူးလား။
"ရိပေါ်''
"ဟင်''
"မင်းမနေ့ညက..''
"မနေ့ညကငါဖျားတယ်မဟုတ်လား''
"အင်း''
"အပြင်မှာနည်းနည်းလင်းနေပြီ
ငါတို့ပြန်မယ့်လမ်းရှာရအောင်''
ŞİMDİ OKUDUĞUN
သို့...ချစ်သူ(completed)
Hayran Kurgu"သို့...ချစ်သူ" သို့...ချစ်သူ ငါတို့မုန်းခဲ့ကြပြီးပြီ ဝေးခဲ့ရဖူးသည်၊လွမ်းခဲ့ကြသည်.. အလွမ်းတွေကိုစာစီပြရရင်.. ငါမင်းကိုသိပ်ချစ်သည်ပေါ့ချစ်သူ... Start date - 26.8.20(Wed) End date - 30.9.20(W...