သို့...ချစ်သူ
Part- 19(သူလိုချင်ခဲ့သောမိသားစု)
For zawgyi
"မင်း..မင်း''
"ဟုတ်တယ်..ကျွန်တော်လေ
ဘာဖြစ်လို့လဲ''"တောက်!!
ဝမ်ရိပေါ်..မင်း..မင်း
မင်းငါ့ကိုနှောင့်ယှက်တာနှစ်ခါရှိပြီ
ငါမင်းကိုလုံးဝခွင့်မလွှတ်ဘူး''"ဟုတ်ပါပြီ
ထောင်ထဲကထွက်လာမှဆက်ပြောကြတာပေါ့''"တောက်!!
မင်းငါနဲ့တွေ့မယ်''"ကျွန်တော်စောင့်နေပါမယ်
ကျန်းကျန်းမာမာနဲ့ပြန်ထွက်ခဲ့ပါ''တကယ့်နောက်ကွယ်ကကြိုးကိုင်သူအစစ်ကဦးကျောက်ဝေ။ဦးကျောက်ဝေကသူပိုင်ဆိုင်သမျှကိုရောင်းကာဟိုဘက်ကုမ္ပဏီမှာရှယ်ယာများများရအောင်ဝယ်သည်။ထို့နောက်ကုမ္ပဏီမှာပြောခွင့်ဆိုခွင့်ရှိလာပြီးဆေးဝါးဈေးကွက်တွင်နေရာရအောင်လုပ်တော့သည်။
မသမာမှုဆိုတာတာရှည်မခံ။လောဘကြောင့်ပျက်စီးသည်ဟုပြောရမည်။အစကတော့KTVများ၊ဟိုတယ်များ၊sex barများ၊gay barများ၊CSWများတွင်သာကိုယ်စားများနဲ့သီးသန့်ရောင်းချတာဖြစ်ပြီးလောဘတက်ကာဈေးကွက်မှာပါဖြန့်ဖြူးရောင်းချလာသည်။
ထိုမျှလောက်နှင့်တော့ဝမ်ရိပေါ်တို့နှင့်မငြိ။အရင်ကတည်းကဦးကျောက်ဝေကဝမ်ရိပေါ်အပေါ်တွင်အငြိုးထားသည်။ထို့ကြောင့်သူတို့companyကထုတ်လုပ်ရေးမန်နေဂျာနဲ့ပေါင်းကာလက်မှတ်တုနှင့်consentရအောင်လုပ်သည်။
ဈေးကွက်တွင်သိပ်မကျယ်ပြန့်သေးလို့တော်သေးသည်ပြောရမည်။မဟုတ်ရင်ဒီလောက်နှင့်ပြီးမည်မဟုတ်။
ဦးကျောက်ဝေနှင့်အပေါင်းအပါတွေကတော့အနည်းဆုံးထောင်၅နှစ်လောက်တော့ကျမည်။
"ပင်ပန်းသွားပြီလားရိပေါ်''
"ထင်သလောက်မပင်ပန်းပါဘူး
ကျိုးကျားရီအတွက်ရှေ့နေဌားပေးလိုက်ပါကော''"ကောင်းပြီရိပေါ်''
ကျိုးကျားရီကတော့အပြစ်လည်းဝန်ခံကာသက်သေအထောက်အထားများရအောင်ပူးပေါင်းဆောင်ရွက်ပေးသောကြောင့်သူ့ပြစ်ဒဏ်ကတော့နည်းလိမ့်မည်။
ESTÁS LEYENDO
သို့...ချစ်သူ(completed)
Fanfic"သို့...ချစ်သူ" သို့...ချစ်သူ ငါတို့မုန်းခဲ့ကြပြီးပြီ ဝေးခဲ့ရဖူးသည်၊လွမ်းခဲ့ကြသည်.. အလွမ်းတွေကိုစာစီပြရရင်.. ငါမင်းကိုသိပ်ချစ်သည်ပေါ့ချစ်သူ... Start date - 26.8.20(Wed) End date - 30.9.20(W...