Part 2

351 25 3
                                    

Minaရဲ့relationshipအကြောင်းကို တဖွဲ့လုံးသိတာ တစ်လပြည့်သွားပြီ တဖွဲ့လုံးကလည်း Minaအတွက်ဝမ်းသားကြတယ် တစ်ယောက်သောသူကလွဲရင်ပေါ့...

Momoကြိုးစားပါတယ် အဲ့အကြောင်းပြောနေတာကြားရင် နားမထောင်မိဖို့ တခါတလေလည်း အောင်မြင်တယ် ဥပမာဆိုရင် သူတို့ကားထဲရောက်နေတဲ့အချိန်အဲ့အကြောင်းစပြောကြရင် သူ့နားကြပ်နဲ့သီချင်းအကျယ်ကြီးဖွင့်ပြီး​နားထောင်တာတို့ 'Jackson'ဆိုတဲ့နာမည်ကြားရင် အခန်းထဲက ထွက်တာတို့လို​မျိုးပေါ့

ဒါပေမယ့် တစ်ညနေခင်းမှာ သူတို့အားလုံး စားပွဲဝိုင်းမှာ ညစာစားနေကြတဲ့အချိန် Momoရဲ့စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ပုံစံကိုသတိထားမိတဲ့Leader Jihyoက သူမေးချင်နေတဲ့မေးခွန်းကို စမေးတော့တာပေါ့

JH-Momo unnie အဆင်ပြေရဲ့လား

MM-ငါပြေပါတယ် ဘာလို့်လဲ

JH-Unnie ပုံစံကြည့်ရတာ တစ်ခုခု အဆင်မပြေဖြစ်နေသလိုပဲမို့လို့ပါ

JY-ဟုတ်တယ် ငါလဲထင်မိတယ်

MM-moဘာမှမဖြစ်ပါဘူး promotionတွေကြောင့် ပင်ပန်းနေလို့ဖြစ်ပါလိမ့်မယ်

ဆိုပြီးfake smile လေးပြလိုက်တယ်

JH-အဆင်ပြေတယ်ဆိုလဲပီးတာပါပဲ ဒါပေမယ့် တခုခုဖြစ်ရင်တော့ ညီမတို့တွေ ရှိနေတယ်ဆိုတာ သတိရပါနော်

MM-immပါ ငါအဆင်ပြေပါတယ်

~~~~~
ညစာစားပြီးကြတဲ့နောက် member တွေက သူတို့လုပ်စရာရှိတာတွေလုပ်နေကြတယ် Momoကတော့ သူ့အခန်းကိုပဲ တန်းသွားခဲ့တယ် အိပ်ယာပေါ်မှာ လှဲ ခေါင်းအုံးနဲ့ မျက်နှာကို အုပ်ပြီးတော့ အသံကျယ်ကျယ်အော်လိုက်တယ် သူအရမ်းပင်ပန်းနေပြီလေ အဆင်မပြေတာကိုပြေတယ် ဆိုပြီးနေရတာကို သူ့ဆီမှာ ရင်ဖွင့်စရာလူမရှိဘူး Sanaကလွဲရင်ပေါ့ ဒါပေမယ့် Sanaကလည်း လက်မလျော့နဲ့ဆိုတဲ့ စကားကလွဲရင်တခြားမပြောနိုင်ဘူးလေ အဲ့တာကလည်း စကားနဲ့ပြောတာကအရမ်းလွယ်တာပေါ့ လုပ်တာထက်စာရင် Momoကိုယ်တိုင်ကတော့ သူ့ခံစားချက်တွေကို မေ့ပစ်ဖို့ကြိုးစားတာက လွယ်မယ်ထင်နေပေမယ့် အဲ့တာကလဲ မလွယ်ပြန်ဘူးလေ သူအရမ်းကြိုးစားပြီးသွားပြီပဲ

Coward (Completed)Where stories live. Discover now