Part 9

269 28 0
                                    

ဒီညနေခင်းမှာတော့ Mina သူမ မိဘအိမ်က သူမအခန်းထဲမှာ သူမအချစ်ဆုံးငယ်သူငယ်ချင်း Yuiနဲ့အတူ နှစ်ယောက်တည်းအေးဆေးစကားပြောဖြစ်တယ် အ​ကြောင်းစုံပေါ့ အချစ်ရေးအကြောင်းရောပါတာပေါ့ Yuiက Mina Momoအပေါ်ထားတဲ့ ခံစားချက် Jacksonနဲ့ တွဲခဲ့တဲ့အကြောင်းတွေကို သိသွားတယ် Yuiအတွက်တော့ မထူးဆန်းပါဘူး Yuiဟာ Minaတကယ် straightမဟုတ်တာကို သိတဲ့ ရှားပါးလူတွေထဲက တစ်ယောက်ပေါ့ ဒါပေမယ့် သူမ ဆက်ဆက်နေတဲ့ အ​ကြောင်းကို သတိထားမိသွားတယ်

Yui-ခဏ!Momoခုလို ဖြစ်နေတာ ဘယ်အချိန်ကတည်းကလဲ ခုလို သီးခြားကြီးနေတာကို ပြောတာ

MN-ငါ သေချာမမှတ်မိတော့ဘူး ဒါပေမယ့် ငါ Jackson နဲ့ အကြောင်းကို Memberတွေကို ပြောပြခဲ့တဲ့ အချိန်နဲ့ သိပ်မကွာလောက်ဘူး ငါမှန်တယ်ဆိုရင်ပေါ့ နင်ဘာလို့ဒီအကြောင်းကို သိချင်တာလဲ

Yui-Mina နင်ဟာ Smartဖြစ်တယ် ဒါပေမယ့် ကိစ္စတွေကို ဆက်ဆက်ပြီး မတွေးတတ်တာပဲ

MN-နင် ဘာကိုပြောချင်တာလဲ သေချာပြောပြပါလား

Yui-သတိမထားမိဘူးလား နင် Jacksonနဲ့ ကိစ္စကိုပြောထဲက သူ ဒီလိုဖြစ်သွားတာလေ

MN-ရှင်းရှင်းလင်းလင်း ပြောပါလား ငါ ဒီမှာ လည်နေပြီ

Yui-shh..ငါပြီးအောင် ရှင်းပြပါရစေဟယ် နင်ပဲ ပြောခဲ့တယ်လေ Momoက သူချစ်ရတဲ့ သူကြောင့် ခုလိုဖြစ်နေရတယ်လို့ နင့်ကိုပြောတယ်ဆို

MN-omm...

Yui-အဲ့ကိစ္စနှစ်ခု ဆက်ဆက်တယ်မထင်ဘူးလား

MN-မထင်ပါဘူး

Yui-come on... Momoကြိုက်တဲ့ သူက နင်ပဲဟ Minaရ

MN-ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟာ

Yui-သေချာစဥ်းစား သူချစ်ရတဲ့သူက သူမဟုတ်တဲ့ တခြားတစ်ယောက် ရင်ခွင်မှာပျော်နေတာကို သူ ဘယ်လိုကြည့်ရက်မှာလဲ နင်သာဆိုရင်ရော Momoတခြားတစ်ယောက်ဆီမှာ ပြောနေတာမြင်ရင် နင်ပြုံးနိုင်မှာလား ဟန်ဆောင်ပြုံးတောင်ပြုံးနိုင်​ဖို့ မလွယ်ဘူးMina အပြုံးအစစ်မပြောနဲ့ သူလည်း အဲ့လိုပဲလေ နင်ကို ပျော်စေချင်လို့ သူနာကျင်ရတာကို ကြိတ်ခံစားနေတာ ဒါပေမယ့် နင့်နားမှာ သူရှိနေရင် နာကျင်မှုတွေက ပိုပြင်းထန်လို့  ဝေးဝေးကနေပဲ နေခဲ့တာ ပြီးတော့  သူသိသလောက်က နင်ဟာ straight ပဲလေ အဲ့တာကြောင့် Momoဟာ သူချစ်နေတဲ့ သူက ဘယ်သူဆိုတာနင့်ကို ပြောဖို့ ဝန်လေးပေမယ့် တခြား Memberကိုပြောဖို့ ဝန်မလေးတာ နင်တို့ ရန်ဖြစ်တဲ့ ​အကြောင်းကို စဥ်းစားကြည့်လေ

Coward (Completed)Where stories live. Discover now