Part 4

282 31 4
                                    

Dancerနှစ်​ယောက်ပဲ ကျန်ခဲ့တဲ့ Dormထဲမှာတော့...

Minaက ဖုန်းဆော့နေတာက​နေချပြီး သူ့ဘေးမှာ အိပ်ပျော်နေတဲ့ Momoကို ငေးနေမိတယ်
Momoဟာ ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက် အားလုံးရဲ့ မျက်လုံးဟာလည်း သူမအပေါ်မှာရှိတယ် Minaအပါအဝင်ပေါ့ Minaဟာ Momoရဲ့ ပိတ်ထားတဲ့မျက်လုံးလေးတွေ နှာခေါင်းလေးကို ကြည့်နေရာက​နေ နဖူးပေါ်ကျနေတဲ့ Momoရဲ့ ဆံပင်လေးတွေသပ်ပေးနေတယ်

အိပ်ပျော်နေရှာတဲ့ Momoကတော့ အိပ်ရင်းကနေ ဖြည်းဖြည်းချင်းနိုးသွားတယ် ဒါပေမယ့် သူမ
အပြည့်အဝ နိုးသေးတာ မဟုတ်တဲ့အတွက်ကြောင့်မို့ Minaပုခုံးပေါ်ကနေ မထသေးဘူး သူမ Minaပုခုံး​ပေါ်မှာ အိပ်ပျော်သွားတာကို သိတော့ချက်ချင်းပဲ ထလိုက်တယ်

MM-တောင်းပန်ပါတယ် Mo Minaရဲ့ ပုခုံးပေါ်မှာအိပ်မိတာကို မသိလိုက်လို့ပါ

MN-ရပါတယ် ဘာမှမဖြစ်ပါဘူး

MM-သူတို့ ဘယ်မှာလဲ

စော​နက Jeongနဲ့ Saထိုင်သွားတဲ့နေရာကိုပြပြီးပြောလိုက်တယ်

MN-အပြင်ထွက် မုန့်စားသွားတယ်

MM-ငါ့ကို ဘာလို့မနှိုးကြတာလဲ

MN-Momoringက တော်တော် အိပ်ပျော်နေလို့ကို

MM-omm...Minaက ဘာလို့မလိုက်တာလဲ

MN-တစ်ယောက်ယောက်က Miအပေါ်မှာအိပ်ပျော်နေတာကို😏😕 ပြီးတော့ Miကို အရင်တုန်းကလိုပဲ 'Minari'လို့ပဲ ခေါ်ပါလား Momoring😞😞

ဟုတ်ပါတယ် Mina သူမရဲ့ relationship ကို ပြောပြီးထဲက Momo Minaကိုစကားမပြောတော့သလို ခုပြောတော့လည်း Minariလို့ တစ်ခါမှ မခေါ်သေးဘူးလေ

MM-Mo Miအပေါ်အိပ်ပျော်နေလို့ JeongSaတို့နဲ့မလိုက်သွားရတာဆို တောင်းပန်ပါတယ် ပြီးတော့ 'Minari' လို့ပဲ ပြန်ခေါ်ပါမယ်နော် Minari

Momoက အဲ့လိုသာပြောလိုက်ပေမယ့် မျက်နှာမရွှင်သေးတာကို Minaသတိထားမိတယ်
သူတို့နှစ်ယောက် ဘာစကားမှမပြောတော့ပဲ နေလို့မကောင်းတဲ့ တိတ်ဆိတ်မှုကြီးကနေရာယူထားတယ် ကိုယ့်ဘာသာကိုအတွက်တော့ တိတ်ဆိတ်မှုကနေလို့ ကောင်းနိုင်ပေမယ့် သူတို့ကတူရှိတဲ့အချိန်မှာတော့ တိတ်ဆိတ်မှုက နေလို့မကောင်းတော့ဘူးလေ ဒါ သူတို့အရင်တုန်းကနေခဲ့ကြတဲ့ ပုံစံမှမဟုတ်တာ နှစ်ယောက်လုံးစကားမပြောပဲနေနေတာ 10မိနစ်လောက်တောင်ရှိပြီလားမသိ တစ်ယောက်ကို တစ်ယောက်ကြည့်မိရင်း Momoက မနေနိုင်တော့ပဲ စကားစပြောတော့တယ်

Coward (Completed)Where stories live. Discover now