Part 12

295 35 8
                                    

November 9th 2017

မနက်ခင်းအစောကြီး တခြားသူတွေအတွက်မစောရင်တောင် ည 12နာရီ 1ချက်အထိ အိပ်​​​ေလ့မရှိတဲ့ Twice Membersတွေအတွက်တော့ အဲ့အချိန်မှာ စောနေသေးတယ် Nayeonနဲ့ Jihyo early scheduleရှိတဲ့အတွက် စောစောထပြီး
ဧည့်ခန်းထဲလာတဲ့အချိန် မြင်လိုက်ရတာက.....
အားကစားဝတ်စုံကြီးနဲ့ ဧည့်ခန်းအလယ်မှာ အကြောလျော့နေတဲ့ သူ့ကိုပဲ အပြင်အဆင်ပုံစံကြည့်ရင် မနက်အစောကြီးထ လမ်းလျှောက်/ပြေးတဲ့ လူတွေအတိုင်းပဲ Momo လေ့ကျင့်ခန်းလုပ်တာက သူတို့အတွက် အံ့အားသင့်စရာမဟုတ်ဘူး ဒါပေမယ့် မနက်အစောကြီးထတာကတော့ သူတို့အတွက် အံ့အားသင့်စေတယ် Momo forced holidaysမှာ တရက်မှာ နေ့လည်12နာရီထက် စောမနိုးဘူး အခုတော့ မနက် 9နာရီဝန်းကျင်ပဲရှိသေးတာကို နိုးနေတော့ Nayeonနဲ့ Jihyoအတွက် အံ့အားသင့်စေတယ်

NY-သူ ဖျားနေတာလား?

JH-မသိဘူး

NY-သူ အိပ်နေတုန်းထင်တယ်

JH-ဟုတ်လောက်တယ် အိပ်ရင်း လမ်းလျှောက်ပြီး ဒီရောက်လာတာနေမယ်

MM-ကြားတယ်နော်!!

NY-Ohh အိပ်ရင်းစကားတွေတောင် ပြောနေပြီ

JH-အကြောင်းမရှိဘဲနဲ့လဲ ပြုံးဖြီးနေတယ်

MM-ပြောလို့ ပြီးကြပြီလား

JH-Yep! ဒါပေမယ့် ဘာလို့ အစောကြီးနိုးနေတာလဲ ပြီးတော့ ဘာလို့ပြုံးပြုံးကြီး လေ့ကျင့်ခန်းလုပ်နေတာလဲ

MM-ငါ အရင်လတုန်းက တချိန်လုံး အိပ်လိုက် စားလိုက် ဖုန်းသုံးလိုက်လုပ်နေတော့ weightတတ်လာတယ်ထင်လို့ အဲ့တာလေ့ကျင့်ခန်းလုပ်နေတာ ပြီးတော့ ဒီနေ့က ငါ့မွေးနေ့လေ အဲ့ကြောင့်...😁😀

NY-ပြုံးနေတာက မွေးနေ့ကြောင့်မို့တင်လား တစုံတယောက်ပြန်လာမှာမို့လို့ရောလား

MM-တကယ်ပါ unnieရယ် မွေးနေ့ကြောင့်မို့ပါ

အမှန်ပြောရရင် Minaက သူ့ကို ပျော်ရွှင်စေတဲ့ အကြောင်းအရင်းပဲ လွန်ခဲ့တဲ့ 3ရက်က သူတို့ ဖုန်းပြောပြီးထဲက သူတို့နှစ်ယောက် ဖုန်းဆက်လို​က် စာပို့လိုက်လုပ်နေကြတာ Momo Memberတွေနဲ့ ပြောထားတာကိုလည်း စဥ်းစားနေတယ် သူ Minaဆီ ဖွင့်ပြောဖို့ အခွင့်အရေးကိုပေါ့ သူမရဲ့ အရင်တုန်းက Momoပုံစံလည်း တဖြည်းဖြည်းပြန်ဖြစ်လာပြီ Memberတွေအကုန်လုံးကလည်း သတိထားမိပြီး ပျော်နေကြတယ်

Coward (Completed)Where stories live. Discover now