Part 2(Unicode)

411 27 0
                                    

"Ahh.....တောင်းပန်ပါတယ်.....မလုပ်ပါနဲ့တော့.....Omma.....Ahh"

အခန်းတစ်ခန်းထဲမှာ၇နှစ်အရွယ်ကလေးမလေးရဲ့အော်သံမှာထွက်ပေါ်နေတယ်။ ကလေးမလေးရဲ့လက်နှစ်ဖက်မှာချိတ်ဆွဲခံထားရပြီးဗိုက်ဖွေးဖွေးလေးကိုဆေးလိပ်မီးနဲ့တို့ခြင်းကိုခံနေရသည်။ ဆေးလိပ်မီးနဲ့တို့နေသောမိန်းမကြီးမှာမရပ်ပဲ

"Jennie Kim နင့်ကိုငါမငိုနဲ့လို့ပြောထားတယ်မလား။ပျော့ညံတဲ့သူတွေမှငိုတာ။ဘယ်လောက်နာနာမငိုနဲ့။အော်လည်းမအော်နဲ့။ကြားလား???"

ကလေးမလေးမှာအားယူ၍ခေါင်းညိတ်ပြလေသည်။ထိုမိန်းမကြီးကပင်....

"နောက်ပြီးနင့်မုန့်ကိုဘာလျု့အခြားသူကိုကျွေးရတာလဲ"ကလေးလေးမှာငို၍....

"Omma သူဗိုက်ဆာလို့ကျွေးရတာပါ နောက်ပြီး Appa ကပြောတယ် သူတစ်ပါးကိုပစ္စည်းတွေမျှဝေရင် သူတို့ကလည်းပြန်ဝေမျှ.....Ahhhhhh!!!!"

Jane ရှင်းပြလို့မပြီးသေးခင်သူမOmma မှာဆေးလိပ်မီးဖြင့်ထပ်တို့ပြန်သည်။ ထို့နောက်

"နင့် Appa ပြောတဲ့ဟာတွေကအမှားတွေချည်းပဲ။အချစ်ဆိုတာနင့်ကိုပျော့ညံ့စေတယ်။နင့်ကိုချစ်တယ်လို့ပြောတဲ့သူတွေနင့်အနားကနေထွက်သွားတာပဲမဟုတ်လား။နင့်ကိုချစ်မဲ့သူရှိတယ်လို့နင်ယုံလား။ပြောစမ်း Jennie Kim"

"ဒါ...ဒါပေမဲ့ Appa ကသမီးကိုချစ်...Ahhhhhhh!!!!!"

"နင့် Appa အကြောင်းမပြောနဲ့။သူလည်းနင့်ကိုထားသွားတာပဲလေ။နင်မဗတ်ထား နင့်အနားမှာဘယ်သူမှမနေချင်ဘူး ကြားလား"

ထိုမိန်းမကြီးမှာပြောပြီးသည်နှင့်ဆေးလိပ်မီးဖြင့်ထပ်ထိုးပြန်သည်။

"Ahh!Omma မလုပ်ပါနဲ့တော့ Ahhhhhh!!!"

ဟုအော်ကာ Jane တစ်ယောက်အိပ်ရာမှနိုးလာလေသည်။တစ်ကိုယ်လုံးမှာလည်းချွေးတွေရွှဲနေပြီး အသက်ရှူသံမှာလည်းမတည်ငြိမ်ပေ။နာရီကိုကြည့်တော့ မနက် 3 နာရီပဲရှိသေးသည်။Jane ငုတ်တုတ်ထထိုင်လိုက်ပြီး

"Omma သမီးဘေးကနေဘာလို့မထွက်သွားသေးတာလဲ?Omma ဖြစ်စေချင်သလိုသမီးမချစ်ခဲ့ဘူးလေ။ဘာလို့အခုထိရှိနေသေးတာလဲ"ဟုပြောပြီးစတင်ငိုလေသည်။

အချိန်တော်တော်ကြာငိုပြီးအိပ်ရာပေါ်တက်ကာပြန်အိပ်ရန်ကြိုးစားနေသော်လည်းအိပ်မပျော်ချေ။

"အိပ်မရမဲ့တူတူထလိုက်တာပဲကောင်းပါတယ်လေ"

သူမထလိုက်ပြီးမျက်နှာသစ်နေတုန်းအတွေးထဲပေါ်လာသည်က Lisa

"သူရောအခုဆိုငါ့ကိုမေ့သွားပြီပေါ့နော် Omma ပြောသလိုပဲအခုငါ့အနားမှာဘယ်သူမှမရှိတော့ဘူး"

Lisa လို့ပြောလိုက်တာနဲ့သူမဘေးအရင်ကတောက်တဲ့တစ်ကောင်လိုကပ်တွယ်နေသောကောင်မလေးတစ်ယောက်ကိုမြင်ယောင်လာပြန်သည်။ သူမလိုဘာမှမရှိတဲ့သူတစ်ယောက်ကိုချစ်ပေးခဲ့တာသူမသိပေမဲ့သူမဘက်ကဘာမှပြန်မလုပ်ပေးနိုင်ဘူးလေ။အထူးသဖြင့် Club တွေမှာသီချင်းတက်ဆိုနေတဲ့သူမလိုလူနဲ့သူ့လိုလူဆိုတာအဝေးကြီးကွာခြားလွန်းသည်လေ။ဒါကြောင့်ပဲ Lisa ကိုသူမထားခဲ့တာ။

#Jane အကြောင်းကိုနည်းနည်းသိလောက်ပြိလို့ထင်ပါတယ်

About JaneWhere stories live. Discover now