Unicode
Lisa' pov
အထက်တန်းအောင်ပြီး Appa စကားကြောင့်
Lisa Boston မှာရှိတဲ့ Business School မှာကျောင်းသွားတက်ခဲ့တယ်...။
သူမနဲ့တူတူ Chae ကိုခေါ်ခဲ့ပေမဲ့ သူက Korea က Business School ကိုပဲတက်ချင်တယ်ဆိုလို့သာ ချန်ခဲ့ရတာ လုံးဝကို စိတ်မချဘူး။Chae ဘာဖြစ်ဖြစ် သူမကို ချက်ချင်း အကြောင်းကြားဖို့ Appa ကိုလည်းသေချာမှာထားခဲ့ရတယ်။Chae ကိုဘယ်သူတွေ
အနိုင်ကျင့်နေတယ်ဆိုတာ ဆိုတာ မသိနိုင်ဘူးလေ ဟုတ်တယ်မလား။
တစ်ဦးတည်းသော သူငယ်ချင်းလေးက လုံးဝကို အဖြူထည်လေး..။အဲ့အဖြူထည်လေးကို အရောင်တွေ ဆိုးလိုက်မှာ သူမ မလိုလားဘူး။နောက်ပြီး Chaeyoung ကအားငယ်တတ်တယ်။လောကကြီး အကြောင်းလည်း ဘာမှမသိဘူး။ဒီတိုင်း အစာစားနေချိန်ရရင် ပန်းချီဆွဲနေရရင်ကို ပျော်နေတာ...။Chae ကိုလာကြိုက်သမျှ လူတိုင်း သူမနဲ့အရင် ရှင်းရတာကြီးပဲ...။ခင်ဗျားတို့ပဲ စဥ်းစားကြည့်လေ ကိုယ့်သူငယ်ချင်း အရိုးခံလေးကို ဘယ်သူမှ မနစ်နာစေချင်ဘူးလေ ဟုတ်တယ်မလား။
အဲ့လောက် စိစစ်ရွေးချယ်နေရင်းနဲ့မှ Chae ကဟို Senior အစုတ်ပလုတ်ကိုမှ သွားကြိုက်တယ်တဲ့။ဘယ်လောက် ရင်နာစရာကောင်းလိုက်လည်း ကိုယ့်ဘက်က ဖြစ်စေချင်တဲ့ စေတနာတွေဟာ ရေစုန်မျောလို့... သဲထဲကို ရေသွန်ချလိုက်သလိုပဲ။
Chae ကြိုက်နေတယ်ဆိုလို့ သူမမှာ အဲ့တစ်ယောက်အကြောင်းတွေ လိုက်စုံစမ်းခဲ့ရသေးတယ်..။ပြန်ကြားရတဲ့ သတင်းတွေကတော့ သိပ်တော့ အဆင်မပြေလှဘူး။မကြိုက်ပါနဲ့လို့ တားလိုက်မိတာ
အချစ်ဆိုတာ အလိုလို ဖြစ်လာတာဆိုတဲ့ အစားပုတ်ဆီက ပြန်ကြားရတဲ့စကား...။သူလည်း အရွယ်ရောက်နေပါပြီ ဆိုပြီး စိတ်ချလက်ချ Appa လွှတ်တဲ့ ပညာတော်သင် သွားခဲ့တယ်။အခု စာသင်နှစ်သုံးနှစ်ကြာတော့ ဘွဲ့ရပြီး သူမ ပြန်ရောက်လာပြီ။ပြန်ရောက်ရောက်ချင်း Appa ကလာကြိုတယ်။Chae ရောဘယ်မှာလဲလို့ မေးမိတာ ဆေးရုံတစ်ခုကို ခေါ်သွားခဲ့တယ်။Appa ခေါ်သွားတဲ့နေရာကို ဘုမသိဘမသိနဲ့ လိုက်သွားရင်း V.I.P room တစ်ခုရဲ့ ကုတင်ပေါ်မှာ မေ့မျောနေတဲ့ Chae။