တစ်ချိန်ကချစ်တယ်လို့ပြောလိုက်ရင်ဟာသပဲလို့ပြန်ပြောတတ်တဲ့ကောင်မလေးကိုခုချိန်ထိသတိရနေတုန်းပဲ။တကယ်တော့ချစ်ခြင်းမေတ္တာဆိုတာစာလုံးပေါင်းရလွယ်ပေမယ့် အဓိပ္ပါယ်ကမင်းထင်တာထက် ပိုပြီးနက်ရှိုင်းတယ် Jane။ချစ်တယ်လို့တစ်ဖွဖွပြောတတ်တဲကိုယ့်လိုကောင်ကမင်းအမြင်မှာပျက်လုံးတစ်ခုပဲပေါ့။ အချစ်ကိုမယုံကြည်တဲ့မင်းကိုချစ်တတ်လာအောင်ကြိုးစားခဲ့သေးတယ် Jane။ မအောင်မြင်မှတော့မင်းငါ့ဘေးကထွက်သွားတာအဆန်းမဟုတ်ပါဘူးလေ။
မင်းတောင်းတဲ့ကတိကိုကိုယ်တည်ခဲ့ပါတယ် Jane။ ကိုယ့်အချစ်တွေကိုမြင်အောင်လည်းပြခဲ့ပါတယ်ကွာ။ တစ်သက်လုံးမထားခဲ့ဘူးလို့လည်းသစ္စာဆိုခဲ့ပြီးပြီ။ ဘာတွေကများကိုယ့်ကိုချစ်ဖို့ခက်ခဲနေတာလဲ။ သူများတွေဟာ J group ပိုင်ရှင် Lalisa Manoban ကိုအားကျလိမ့်မယ်။ Korea ရဲ့အချမ်းသာဆုံးလူငယ်ပေါ့။
သူတို့မသိတဲ့အချက်ကLalisa ဆိုတဲ့လူသားဟာ Jane ဆိုတဲ့ကောင်မလေးရဲ့နွံထဲကနေမရုန်းနိုင်သေးဘူး။ ရုန်းဖို့လည်းမကြိုးစားတော့ပါဘူး ရုန်းလေနစ်လေမို့လို့။မင်းကိုယ့်ကိုထားသွားတာ 3 နှစ်ပြည့်တော့မယ် Jane။ လွန်ခဲ့တဲ့ 3 နှစ်လောက်ကကိုယ်ဟာမရင့်ကျက်သေးဘူး ခုများမင်းကိုယ့်ဆီပြန်လာရင်တစ်သက်လုံးစာအတွက်လက်ထပ်လိုက်ချင်ပါရဲ့။
