ဂျပန်မှာရှိတဲ့Aprilလရဲ့ညတွေဟာတိတ်ဆိတ်တယ်မဆိုသာပေမယ့် လင်းရုဏ်တက်ချိန်မရောက်တရောက်မှာဖြင့် လေလေးတအေးအေးနှင့် အနည်းငယ်အထီးကျန်စရာကောင်းနေသည်။
ဒီလို သာမန်လူတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရမယ့်အချိန်မှာ သူသည် တရေးမှမအိပ်ရသေးသောမျက်လုံးအစုံတို့နှင့် တစ်ယောက်တည်း အတွေးပေါင်းများစွာနှင့် နိုးထနေရသည်။
ဒါကသူနေသားကျနေသည့်ပုံမှန်ဖြစ်ရပ်ဖြစ်နေသည့်ပုံပေါ်သည်။လက်ဖက်ခြောက်နံ့သင်းသင်းကလေးပျံ့နေသော ရေနွေးခွက်လေးကိုကိုင်ကာ ဝရံတာထက် သူငေးကြည့်နေသည်။ ဒါက သူမှေးစက်ဖို့ရာအထောက်အကူပါတဲ့ ဘယ်လောက်ဆန်းလိုက်သလဲ။
သူ့မှာစူးရှညို့ငင်တဲ့မျက်လုံးတွေရှိတယ်၊ နက်မှောင်ပြီးတန်းနေတဲ့မျက်ခုံးတွေလည်းရှိတယ် နောက်ပြီးရှည်လျားတဲ့မျက်တောင်တွေ ဒါဟာဘယ်လောက်ပနံသင့်လိုက်သလဲ။ နှာတံစင်းစင်းလေးရဲ့အဆုံးသတ်မှာ ပြည့်ဖူးနေတဲ့နှုတ်ခမ်းတစ်စုံက တင်းစေ့နေလေရဲ့
သူ့ရဲ့အလုံးစုံဟာခက်ထန်နေသလို ဒါပေမယ့်သူမည်မျှနူးညံ့ပျော့ပျောင်းကြောင်းသူမှတပါးမည်သူသိအံ့နည်း။
မျက်လုံးအစုံကိုမှိတ်ပြီး ည၏ တိတ်ဆိတ်မှု၍သူငြိမ်သက်နေခဲ့သည်။ ဒီလိုညတွေများလှပြီး အမြဲတည်းသူကတော့တယောက်တည်းပဲ။
မိဘတွေကိုဆန့်ကျင်ပြီးသူဝါသနာပါရာကိုရွေးနိုင်ဖို့ သူအိမိပေါ်ကဆင်းလာခဲ့သည်။ ရူးရူးမူးမူးနဲ့ကို စွဲလန်းခဲ့တာကြောင့် သူကျောင်းသားဘဝတစ်လျှောက်လုံးမှယခုထိ မည်သူ့ကိုမျှစိတ်မဝင်စားခဲ့။
အရောင်တွေစုံနေသည့်အလှတရားတွေဟာသူ့အတွက်ဖြင့် အကျဉ်းတန်ဆန်လွန်းသည်။ သူကအနုပညာဆန်တာမျိုးကိုဘဲသဘောကျတဲ့လူ။
သူ့ရဲ့ကြင်ဖော်ဟာ သူ့အတွက်အနုပညာဆန်ပြီး သူတမေ့တမောငေးမောရမည့်လူပဲဖြစ်ရမည်ဟု ကြွေးကြော်ထားခဲ့တာ။ဒါပေမယ့်လို့သူဟာ စိတ်ကူးတွေထဲကနေကွဲထွက်နေတဲ့ မိုက်ရူးရဲဆန်ဆန်counselorတစ်ယောက်
လူတွေဒီအချိန်ဘာလို့ဂျပန်ကိုလာကြသလဲ
ရှင်းပါတယ် ပန်းကြည့်ပွဲတော်ကြောင့်ပေါ့
ပျော်ကြမယ်ပါးကြမယ်ကဗျာဆန်ကြမယ်
လူတွေကခပ်ရှုပ်ရှုပ်ပေါ့ ဒီလိုလူများတာတွေကိုသူသိပ်သဘောမကျ

YOU ARE READING
Yours truly ( Zawgyi+Unicode)
Fanfictionမြတ်နိုးခြင်းတွေရဲ့အစ ချစ်ခြင်းတွေရဲ့အဆုံးဟာသူပဲမို့ဒီချစ်ခြင်းတွေမြတ်နိုးခြင်းတွေက သူမရှိရင် ရှင်သန်နေနိုင်မှာမဟုတ်ဘူး တဲ့ ဒါမှားယွင်းတဲ့အတွေးအခေါ်တစ်ခုပဲဟု ဒီလိုသူစုတ်သပ်မိသည် #krisyeol #kaibeak