"ဟေ့ ဟေ့ ဟေ့လူ ဖယ်လေဗျာ ဟာဟာ"
"ဂျိန်း"
ရှေ့မှသက်ရှိကြွေရုပ်လေးကိုငေးကောင်းကောင်းနဲ့ငေးနေတုန်း ဟုတ်ကဲ့ ကျွန်တော် wu yifan စက်ဘီးနဲ့တိုက်မိခြင်းပါ
"တောင်းပန်ပါတယ် ကျွန်တော်မတွေ့လိုက်လို့ပါ"
ဟုတ်တယ် လမ်းလည်ခေါင်မှရပ်နေမှဖြင့် တောင်းပန်ရပြီးပေါ့ မြန်မြန်ဆန်ဆန်ထ မြန်မြန်ဆန်ဆန်ထပြီး ခုံတန်းလေးကိုပြန်အကြည့်
ဟာ မရှိတော့ဘူး
ဘယ်တုန်းကထသွားပါလိမ့် သေလိုက်ပါတော့ကွာ
.....
အေးဆေးစာဖတ်ချင်လို့ တိတ်ဆိတ်တဲ့ပန်းခြံကိုလာပါတယ်ဆိုမှ ဒီနေ့မှ ညံဆူလို့နေတယ်
အာရုံကပျက်သွားပြီးမို့ chanyeol ထမင်းစားရန်သာ ထွက်လာလိုက်သည်
.......
Yifan သူထိုင်ခဲ့တဲ့ခုံလေးထက် ငေးငေးထိုင်နေမိသည် ခုထိခုံလေးကနွေးငွေ့ငွေ့လေးကျန်ရှိနေဆဲ
ခပ်မှိုင်းမှိုင်းစိတ်အစဉ်တို့သည် သူ၏ ပုံရိပ်လွှာလေးတစ်ခုတည်းနဲ့တင် တဖန်ကြည်လင်လာဖို့ကာ ကုံလုံလေရဲ့ ဒါကလူတွေပြောပြောနေကြတဲ့ဆန်းကြယ်တဲ့အချစ်စွမ်းအားတွေများအလား
မည်သူမှန်းမသိ မည်ဝါမှန်းမသိ နာမည်လေးဖြင့်တောင် မသိပါပဲနှင့် တခါလေးမြင်ခဲ့ဖူးရုံမျှဖြင့် သူ့အတွက်သာသီးသန့်ပေါက်ဖွားလာသောနှလုံးခုန်သံတို့သည်ပင် နွေးထွေးမှုပေး၏
နောက်တစ်ခေါက်လောက်ဆုံချင်ပါသေးရဲ့
နာမည်လေးလည်းမိတ်ဆက်ပြီး မင်းရဲ့အသံလေးလည်းကြားချင်ပါသေးရဲ့
မပြောနိုင်ဘူး သိပ်များချိုမြိန်နေလေမလား.......
ညနေဘက် လူရှုပ်ရှုပ်လမ်းမထက် လူအများကြားအတိုးအဝှေ့ chanyeol သွားနေမိသည်
ဆရာ Byunနောက်လိုက်လာမိခြင်းကို သူနောင်တရမိပါရဲ့ ခြေတံတိုတိုလေးတွေက လျှောက်နိုင်လိုက်လေခြင်း သူ့မှာတော့ ခြေကုန်လက်ပန်းကိုကျလို့
"Hey... Dae"
လူတစ်ယောက်ကိုမြင်သွားဟန်ရှိသည့် ဆရာByunက လက်တဖက်ကိုမြှောက်ကာ လှမ်းပြနှုတ်ဆက်လေရဲ့
YOU ARE READING
Yours truly ( Zawgyi+Unicode)
Fanfictionမြတ်နိုးခြင်းတွေရဲ့အစ ချစ်ခြင်းတွေရဲ့အဆုံးဟာသူပဲမို့ဒီချစ်ခြင်းတွေမြတ်နိုးခြင်းတွေက သူမရှိရင် ရှင်သန်နေနိုင်မှာမဟုတ်ဘူး တဲ့ ဒါမှားယွင်းတဲ့အတွေးအခေါ်တစ်ခုပဲဟု ဒီလိုသူစုတ်သပ်မိသည် #krisyeol #kaibeak