*2*

60 9 10
                                    

"ဆရာကဂီတကိုဘယ်လိုသဘောထားလဲဆရာ"

"ဂီတ အင်းဂီတကို စိတ်ရဲ့အာဟာရတစ်ခုလို့ဆရာကတော့ထင်တယ်
ဂီတမှာ မမြင်နိုင်တဲ့သံစဉ်လှိုင်းတွေရှိတယ် နုလုံးသားနဲ့နူးနူးညံ့ညံ့ခံစားမှ မြင်နိုင်မယ့်လှိုင်းလေးတွေ ဂီတဆိုတာ စိတ်ရဲ့လွတ်လပ်မှုပဲ နှလုံးသားကိုနူးညံ့ပျော့ပျောင်းစေတယ် ချိုမြိန်တဲ့အနုပညာတစ်ခုပေါ့"

ကျောင်းသူလေးတစ်​ယောက်၏အမေးအားသဘောတကျပင်ဖြေနေမိသည် ကျွန်တော်နှစ်သက်သည့် သည်ဂီတ အနုပညာအကြောင်းပြောရသည်ကိုကျွန်တော်အလွန်သဘောကျသည် စဉ်းစားယုံမျှဖြင့် သည်အနုပညာရပ်က ကျွန်တော့်အားနူးညံ့စေသည့် စွမ်းအားရှိသည် လူတွေက ကိုယ်နှစ်သက်သဘောကျသည့်အကြောင်းများပြောနေရရင်ဖြင့် စာစီမကုန်နိုင်အောင် သဘောတကျပြောကျသည်မလား

"ရူးမှာဘဲဆရာရယ် Yukiကဖြင့် အိမ်ကလူကြီးတွေ တက်ခိုင်းလို့လာတက်လိုက်တာပဲ အိပ်ပဲအိပ်ချင်နေတာ"

သင်နေတဲ့ဆရာကိုမှအားမနာ ပြောချင်ရာပြောပြီး သဘောတကျရီနေလေရဲ့  ဒါကလည်း ကလေးတွေရဲ့ချစ်စရာကောင်းမှုလေးတစ်ခု

" ဒါဖြင့်Yukiက ဒါကိုအိမ်ကလူတွေကြောင့်လို့မတွေးဘဲ စိတ်ထဲကနေ ကိုယ်ကလိုလိုချင်ချင်နဲ့တွေးပြီးလုပ်ကြည့်ဖူးလာ"

"ဟအင်း မတွေးဖူးပါဘူး Yukiအထက်တန်းအောင်တော့ဘာတက်ရမှန်းမသိတာနဲ့ ဒီကိုရောက်လာတာပဲလေ ဆရာရဲ့"

ဒါမျိုးတွေသူသဘောမကျ အလေးအနက်မရှိဘူးလို့ဘဲကောက်ချက်ချသည် လူတစ်ဦးက ကိုယ့်အနာဂတ်အတွက်တောင်လေးနက်မှုမရှိတာမျိုးက ဘယ်လိုကို့ရို့ကားယားနိုင်လိုက်လေခြင်းလဲ အထူးသဖြင့် ကိုယ်လက်ခံထားရှိတဲ့အရာ ကိုယ်ရွေးချယ်ထားတဲ့အရာကို ပေါ့ပျက်ပျက်ဖြစ်နေတာမျိုးကပိုပြီးစိတ်အနှောင့်အယှက်ဖြစ်စေသည် လူတိုင်းက ကိုယ်​လျှောက်နေတဲ့လမ်းကိုတော့ဖြင့် မည်သည့်အကြောင်းပြချက်ကြောင့်ပဲရွေးခဲ့ရွေးခဲ့ လေးစားမှုရှိရမယ်လို့ထင်သည်

"Yukiကပန်းချီအဓိကယူထားတာဟုတ်"

"ဟုတ်ဆရာ"

Yours truly ( Zawgyi+Unicode)Where stories live. Discover now