Ch 14 ဆဌမအာရုံ၌လုယူခံရခြင်း/ဆဌမအာရုံ၌လုယူခံရခွငျး

13.6K 1.1K 147
                                    

ZawGyi

ဖန်ရှင်း ဖြစ်ကြောင်းကုန်စင်ကို ဖုန်းထဲမှ အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ဖန်ရှင်းနှင့် ဖုန်းပြောပီးတာနဲ့ ရိပေါ် အိမ်မှကားတစ်စီးကိုယူပီး ရှောင်ကျန့်တို့ရှိရာ စားသောက်ဆိုင်သို့အမြန်ပင်မောင်းလာခဲ့သည်။ စားသောက်ဆိုင်သို့ဝင်ဝင်ခြင်း ရှောင်ကျန့်ကိုအကောင်းပကတိအတိုင်းတွေ့လိုက်ရသဖြင့်ထိုအချိန်မှသာ စိတ်သက်သာရာရပီး သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ရှောင်ကျန့်တို့ဝိုင်းရှိရာသို့သွားလိုက်ပီး

"ရှောင်ကျန့် အဆင်ပြေရဲ့လား? ဘယ်လိုဖြစ်တာလဲ?"

"ကိစ္စမရှိပါဘူး ရိပေါ် ဒီအတိုင်းပြဿနာလေး နည်းနည်းတက်သွားယုံပါ။ ကောအဆင်ပြေပါတယ်"

ကောင်လေးပုံစံကအမှန်တကယ်စိုးရိမ်နေပုံပေါက်သဖြင့် ရှောင်ကျန့်ရင်ထဲအနည်းငယ်နွေးထွေးသွားမိသည်။ ကောင်လေးက သူ့ကိုမုန်းနေတာတော့မဟုတ်ဘူးမလား။ ဝမ်ရိပေါ်ကတော့ ရှောင်ကျန့်ပြောတာနားထောင်ပီးသောအခါ ဖန်ရှင်းအားအပြင်သို့ခေါ်ထုတ်သွားပီး

"ဘယ်လိုဖြစ်တာလဲ ဖန်ရှင်း?"

"ဟိုလေ ကျန့်ကောက ကားမမောင်းနိုင်ဘူး။ အဲဒါကြောင့်မို့ ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးဖို့ဖုန်းလှမ်းဆက်တာ။ အဲဒီမှာ ကျွန်တော်ရောက်သွားတော့ ကောကိုနှောက်ယှက်ဖို့်ကြိုးစားသူတွေနဲ့ တွေ့လို့ ရဲခေါ်ရင်း စခန်းထိရောက်သွားတာ။ ကျွန်တော်လည်း CEO ကို ဖုန်းဆက်ပါသေးတယ်။ ဖုန်းပိတ်ထားတယ်ဆိုလို့ ပီးတော့ ကျန့်ကောဖုန်းကလည်း ရုန်းရင်ဆန်ခတ်ဖြစ်ရင်းဘယ်နားကျခဲ့လဲမသိဘူး"

"ငါ့ဖုန်း ပါဝါကုန်သွားလို့"

ထို့နောက် ရှောင်ကျန့်ရှိရာသို့ပြန်လာခဲ့ကြပီး

"ဖန်ရှင်း မင်းပြန်ရင်ပြန်လိုက်တော့။ အဲ့ဒီကားယူသွားလိုက်။ ငါ့မှာကားပါတယ်"

"ဟုတ် အဲ့ဒါဆိုရင် ကျွန်တော်ပြန်ပီနော် CEO ဝမ်။ ကျန့်ကော ကျွန်တော်သွားပီ"

"အင်း ဂရုစိုက်သွားနော်"

"ဟုတ် ကော"

ဖန်းရှင်းပြန်သွားသောအခါ ရိပေါ်တစ်ယောက် ရှောင်ကျန့်ဟော့ပေါ့စားနေသည်ကိုသာ ထိုင်ကြည့်နေမိသည်။ စိတ်ထဲမှလည်း

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now