Ch 17 အချစ်ကိုဦးစားပေးခဲ့သူ/အချစ်ကိုဦးစားပေးခဲ့သူ

13.7K 1.1K 36
                                    

ZawGyi

ရှောင်ကျန့်ကိုဘယ်လိုမှဆက်သွယ်၍မရသဖြင့်စိတ်ပူပီး ဝမ်ရိပေါ်မှာ အလုပ်ကိစ္စများကို ဖန်ရှင်းနှင့်လွှဲခဲ့ပီး လေးရက်မြောက်နေ့တွင် ပြန်လာခဲ့သည်။ ရှောင်အိမ်သို့ရောက်သည်နှင့် ရှောင်ကျန့်ကို ဦးစွာရှာသော်လည်းမတွေ့သဖြင့် ရှောင်ကျန့်အခန်းသို့ဦးတည်တော့သည်။ တံခါးခေါက်သော်လည်းမဖွင့်သဖြင့် အခန်းထဲသို့ဝင်သွားရာ ကုတင်ပေါ်တွင်အိပ်နေသောရှောင်ကျန့်ကိုတွေ့လိုက်ရသဖြင့်

"ရှောင်ကျန့် ထဦး ကျွန်တော်ပြောစရာရှိတယ်။ ဖုန်းတွေခေါ်ထားတာဘာလို့မကိုင်တာလဲ?"

"------------------------"

"ရှောင်ကျန့်! ရှောင်ကျန့် ထလို့ပြောနေတယ်လေ အိပ်ချင်ယောင်ဆောင်မနေနဲ့"

ဝမ်ရိပေါ်အသံမြှင့်၍ခေါ်နေသော်လည်း ထမလာသောရှောင်ကျန့်ကြောင့် အိပ်ချင်ယောင်ဆောင်နေသည်ဟုသာထင်လိုက်မိသည်။ ထို့ကြောင့် ကုတင်နားသို့သွားလိုက်ပီး ရှောင်ကျန့်အားလက်မောင်းမှဆွဲ၍ ထခိုင်းလိုက်သည်။

"ရှောင်ကျန့် ထစမ်း"

သို့သော်လည်း ဝမ်ရိပေါ်ဆွဲလိုက်သောအခါ ရှောင်ကျန့်မှာ ပျော့ခွေပီးပါလာသဖြင့်

"ရှောင်ကျန့်!! ရှောင်ကျန့်!!!"

ရိပေါ်လည်းလန့်သွားပီး ရှောင်ကျန့်ကိုယ်လေးအားရင်ခွင်ထဲ သွင်းကာခေါ်နေသော်လည်း ပြန်မထူးလာ

"ကျစ်! ကိုယ်တွေလည်းပူနေတာပဲ"

ရှောင်ကျန့်မှာ အဖျားကြီးပီး သတိမေ့နေသောကြောင့် ဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်သည်။ ထို့နောက် ရှောင်ကျန့်စားဖို့တစ်ခုခုစီစဉ်ရန်အောက်ထပ်ကိုဆင်းလာစဉ် အောက်ထပ်မှ မိန်ကလေးနှစ်ဦးစကားပြောနေသံကိုကြားလိုက်ရသဖြင့် ဆက်မဆင်းသွားဘဲရပ်ပီးနားထောင်နေမိသည်။

"ဒီရက်ပိုင်း ရှောင်သခင်လေးကိုမတွေ့ဘူးနော်"

"ဘယ်တွေ့မလဲ။ နေမကောင်းဘူးလေ"

"ဟင် ဟုတ်လား? အဲ့ဒါကြောင့်မို့ထင်တယ်။ ဟိုနေ့က ငါတို့ထားခဲ့တဲ့အစားအသောက်တွေလည်းအကုန် ရေခဲသေတ္တာထဲမှာ ဒီအတိုင်းရှိနေသေးတယ်။ အပြင်ကနေမှာစားလို့ အဲ့ဒါတွေ ဒီအတိုင်းကျန်နေတယ်ထင်တာ။ သူနေမကောင်းလို့မချက်နိုင်တာထင်တယ်။"

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Where stories live. Discover now