ZawGyi
Xiao Group ရုံးခန်းထဲတွင် ရှောင်ယွီဖုန်း နှင့် ဝမ်ရိပေါ်တို့မှာ မျက်နှာချင်းဆိုင်အနေအထားဖြင့်
"ကြီးကျယ်တဲ့ ဝမ်သခင်လေးက ကျွန်တော့်ရုံးခန်းအထိကိုယ်တိုင်လာတယ်ဆိုတော့ ကျွန်တော်က ဂုဏ်ယူရတော့မှာပေါ့"
"ဟင်း...အပိုတွေမပြောဘဲ သိချင်တာကို ဒဲ့မေးလိုက်တာပိုမကောင်းဘူးလာ?"
"Oh! အဲ့ဒီလိုပဲလုပ်ကြမလား? ကောင်းပီလေ။ မင်းရဲရည်ရွယ်ချက်ကဘာလဲ?"
"ထင်ထားတာထက် တုံးနေတာပဲ"
"ဘာပြောတယ်"
"ဟုတ်တယ်လေ ပုံမှန်ဆို ဒီအခြေအနေလောက်ဆို ထက်မြက်တဲ့ရှောင်သခင်ကြီးက သိနေမယ်ထင်ထားတာ"
"ဝမ်ရိပေါ် ဘာအကွက်တွေလာရွှေ့မလို့လုပ်နေတာလဲ?"
"ထားပါ။ ကျွန်တော်ကပဲသေချာရှင်းပြရတော့မှာပေါ့။ အခုလောက်ဆိုရင် ကျွန်တော်လိုချင်တာ Xiao Group မှန်း ခင်ဗျားသိပီးလောက်ပါပီ။ အခုပြောမှာက ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နှစ်ယောက်ရဲ့ပစ်မှတ်က အတူတူပဲမဟုတ်လား။ ပီးတော့ ရန်သူရဲ့ရန်သူက မိတ်ဆွေပဲဆိုတော့ ကျွန်တော်တို့ပူးပေါင်းသင့်မထင်ဘူးလား?"
"ဘာဖြစ်လို့ ရှောင်ကျန့်ဆီကနေမင်းလိုချင်တာကိုမတောင်းတာလဲ? ငါ့စိတ်ထင် မင်းသာတောင်းရင်သူကပေးမှာပါ"
"ကျွန်တော် လိုချင်တာရှိပီဆိုရအောင်ယူတတ်တယ်။ ဒါပေမဲ့ ဘယ်သူ့ဆီကမှတော့မတောင်းဘူး။ မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်ယူမှာ။ ကျွန်တော့်အကြောင်းကြားဖူးပီးသားနေမှာပါ။ နောက်ပီး ရှောင်ရှောင်းကျန့်ဆိုတဲ့ ကျွန်တော့်ကိုအတင်းယူထားတဲ့သူကိုရော ကျွန်တော်ကဒီအတိုင်းလွှတ်ပေးမယ်ထင်နေတာတော့မဟုတ်ပါဘူးနော်။ သူ့ရဲ့အရာအားလုံးကို အကုန်လုယူပီး တစ်ဖြည်းဖြည်းချင်းမှ........
ထားလိုက်ပါတော့ အဓိကကိုပဲပြန်သွားမယ်။""ဘာလို့ငါနဲ့ပူးပေါင်းလို့ရမယ်ထင်နေရတာလဲ? ပီးတော့ ငါကမင်းကိုဘာကိုယုံကြည်ပီးတော့လဲ?"
"ဟက်! ခင်ဗျားနဲ့ပူးပေါင်းလို့ရမယ်ထင်နေတာမဟုတ်ဘူးနော်။ အခုအခြေအနေအရ ခင်ဗျားကကျွန်တော်နဲ့ ပူးကိုပူးပေါင်းမှရမယ့်အနေအထားဖြစ်နေတာ။ လက်ရှိ Xiao Group အခြေအနေကို ခင်ဗျားထက်ဘယ်သူကပိုပီးသိမှာတဲ့လဲ? ယုံစရာမလိုဘူး ရလဒ်ကိုစောင့်ကြည့်ရင်သိမှာပဲလေ"
ESTÁS LEYENDO