Ch 39 မျှော်လင့်မထားသောမျှော်လင့်ချက်/ မျှော်လင့်မထားသောမျှော်လင့်ချက်

11.9K 965 49
                                    

ZawGyi

အိမ်မှထွက်သွားသော ရှောင်မိန်တစ်ယောက် ရှောင်ယွီဖုန်းနေရာအိမ်ရှေ့သို့ အသိစိတ်မရှိအိမ်ရှေ့တွင်လဲလျောင်းလျက် အနေအထားဖြင့်ပြန်ရောက်လာပီး ခန္ဓာကိုယ်တစ်ခုလုံးလည်းရစရာမရှိစွာဖြစ်နေသောကြောင့် တစ်အိမ်လုံးမှလူတွေလည်းစိတ်ပူစွာ မိသားစု ဆရာဝန်အားခေါ်ကြရလေသည်။ ဆရာဝန်၏စကားအဆုံး ရှောင်ယွီဖုန်းတစ်ယောက် သွေးပျက်စွာထိန့်လန့်ရုံမှတစ်ပါး လုပ်နိုင်သည့်အရာတစ်ခုမှမရှိ။ ထို့နောက် ဝူလင်းဟိုင်မှ ရှောင်ယွီဖုန်းအား ပါဆယ်တစ်ထုပ်လာပေးသဖြင့် ဖွင့်ကြည့်ရာ မန်မိုရီစတစ် တစ်ချောင်းဖြစ်နေသဖြင့် စာကြည့်ခန်းထဲတွင်သာကြည့်ရန်သွားလိုက်ကြသည်။ ပေးပို့လာသည့် ဗီဒီယို အားဖွင့်နေတုန်း ဖုန်းဝင်လာသဖြင့်ကိုင်လိုက်ရာ ကြားလိုက်ရသည်က Xiao Group မှငွေကြေးများ အလွဲသုံးစားလုပ်မှုကြောင့် သူ့အားဖမ်းဝရမ်းထုတ်သည့်သတင်း ပင်ဖြစ်သည်။ သမီးဖြစ်သူကြောင့်သောကမီးဝေနေချိန် ကြားလိုက်ရသည့်သတင်းကြောင့် ရှောင်ယွီဖုန်းတစ်ယောက် ခြေမကိုင်မီလက်မကိုင်မီဖြစ်နေချိန် သွေးပျက်စရာကောင်းလောက်အောင်မြင်ကွင်းရှေ့တွင်ပေါ်လာသည်က ကွန်ပျူတာထဲမှာ ယောက်ျားသုံးယောက်၏အနိုင်ကျင့်ခြင်းကိုခံနေရပါသော ရှောင်မိန်။ ထို့နောက်ရေးသားထားသည့်စာဖြစ်သည့် 'ဗီဒီယိုသာမီဒီယာထံသို့ပြန့်နှံ့သွားလျှင်' ဆိုသည်ကိုမြင်ပီးနောက် ရှောင်ယွီဖုန်းဟာ ဤကမ္ဘာလောကအား အပီးတိုင်ခွဲခွာသွားလေတော့သည်။

ရှောင်မိန်ကိစ္စသိပီးနောက် ရှောင်ယွီဖုန်းမှာ ဦးနှောက်သွေးကြောပြတ်ကာသေဆုံးသွားခဲ့လေသည်။ Xiao company မှာပြုလုပ်ထားသည့်ငွေကြေးမသမာမှုများကြောင့်လည်း ယခုဆိုလျှင် ရှောင်ယွီဖုန်း၏ မိသားစုအပြင်သူ၏နောက်လိုက်များအားလုံးသည်လည်း Xiao Group နှင့်ပတ်သတ်ခြင်းအလျှင်းမရှိတော့။ ငွေကြေးအလွဲသုံးစားလုပ်ခံထားရသည့်အတွက် ရှယ်ယာဈေးတွေပါထိုးကျသွားကာ အခြေမနေမကောင်းတော့သည့် Xiao Group အား ရိပေါ်မှာနေ့နေ့ညည ကြိုးစားကာကယ်တင်ထားရလေသည်။ ရှောင်ကျန့်ပိုင်ဆိုင်သောအရာများကို အနည်းငယ်မျှအထိခိုက်မခံနိုင်ဘူးမဟုတ်ပါလား။ ရှောင်ယွီဖုန်း ဆုံးပီးတစ်လခန့်အကြာတွင်တော့ ရှောင်ပိုင်တစ်ယောက် ဝမ်ရိပေါ်ထံရောက်လာကာ accident ၏ သက်သေဖြစ်သည့် လူယုံချန်းယောင်၏အသံဖိုင်ကိုလာပေးခဲ့သည်။ သူပြန်လာကတည်းက ဒီကိစ္စကိုစုံစမ်းနေသည်ဖြစ်၍ သူ့အဖေပေကျင်းသို့သွားတုန်းက နောက်ယောင်ခံလိုက်ထားပီး ချန်းယောင်ကိုရှာထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရှောင်ကျန့်၏ဈာပနတောင်မမှီခဲ့ရကြောင်း၊ ရှောင်ကျန့်မိဘများကိုလုပ်ကြံခဲ့သော ချန်းယောင်၏သားသေသွားသည်မှာကြာပီဖြစ်ကာ ချန်းယောင်၏မြေးဖြစ်သူအသက်နှင့် သူ့အဖေကခြိမ်းခြောက်ထားသောကြောင့် accident ကိစ္စအား လူယုံချန်းယောင်မှထုတ်မပြောနိုင်ဖြစ်ခဲ့ကြောင်းစသည်များကိုပြောပြခဲ့သည်။ accident အမှုမှာတော့ အနှစ်နှစ်ဆယ်ကျော်ကြာနေပီဖြစ်သောကြောင့် အမှုပြန်ဖွင့်လို့မရနိုင်တော့သလို သူ၏အဖေလည်းဆုံးသွားပီဖြစ်သောကြောင့် ဘာမှလုပ်၍မရသော်လည်း ရှောင်ကျန့်မိဘများ accident ၏ အမှန်တရားကိုဖော်ထုတ်နိုင်ရန် ယခုကဲ့သို့လာပေးခြင်းဖြစ်ကြောင်းနှင့် သူ့အဖေနာရေးကြောင့်နှင့် ယခုအချိန်တွင်စိတ်မမှန်တော့သည့်ညီမဖြစ်သူကြောင့် သူလာတာနောက်ကျသွားရကြောင်းများကိုပါပြောသွားခဲ့ပီး ခွင့်မလွှတ်နိုင်မှန်းသိသော်လည်း သူ့အဖေနှင့်သူ့ညီမကိုယ်စားတောင်းပန်ကြောင်းလည်းပြောခဲ့သည်။ အမှန်တော့ ရှောင်မိန်၏ ဗီဒီယိုကို မီဒီယာသို့ဝမ်ရိပေါ်ဖွင့်မချဖြစ်ခဲ့။ ရှောင်မိန်အားသူခွင့်မလွှတ်နိုင်သော်လည်း အကယ်၍ ရှောင်ကျန့်သာရှိခဲ့ပါက သူ့ညီမ၏အဖြစ်ကား ယခုကဲ့သို့မြင်ရက်မည်မဟုတ်သောကြောင့် အဆုံးစွန်အထိမလုပ်ခဲ့ခြင်းသာဖြစ်သည်။

နှလုံးသားထဲက တစ်ခုတည်းသောအချစ် /နှလုံးသားထဲက တစ်ခုတည်းသောအချစ်Donde viven las historias. Descúbrelo ahora