ပထမဆုံးအကြိမ်တွေ့ဆုံခြင်း
"Kang Hye-in အတန်းပြီးရင် ဆရာများနားနေခန်းကိုလာခဲ့ပါ"
အတန်းရှေ့မှာရပ်နေတဲ့ ဘယ်ဘာသာကိုသင်နေတာမှန်းမသိတဲ့ဆရာကို အိပ်ချင်မပြေသေးသောမျက်လုံးများအား အတင်းဆွဲဖွင့်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ဒါကတော့ သူမရဲ့ဖြစ်ရိုးဖြစ်စဉ်ဟု ပြောရမည်လား? အတန်းထဲတွင်သူမရှိနေခြင်းသည် အကြောင်းပြချက်နှစ်ခုအတွက်သာ။ ပထမအချက်မှာ အတန်းထဲတွင် ဆရာများသင်ကြားပေးသည့်သင်ခန်းစာများအား သားချော့တေးအဖြစ်အသုံးချကာ အိပ်ရန်။ ဒုတိယအချက်မှာ ကျောင်းဝန်းအတွင်း မိန်းကလေးတစ်ယောက်မှ ကြုံရာနေရာအိပ်နေသည်ကိုမြင်လျှင် ခေါင်းစားစရာဖြေရှင်းရမည့်ကိစ္စများ များသောကြောင့် အနှောင့်အယှက်မရှိအိပ်နိုင်ရန်။ဟုတ်ပါတယ်။ Kang Hye-in ရဲ့ကျောင်းသူဘဝဖြတ်သန်းလာမှုဟာ အတန်းထဲအိပ်စက်ခြင်းနဲ့ပဲဖြတ်သန်းလာခဲ့တာပါ။ ဘာကြောင့်လဲ? သိစရာမလိုပါဘူး၊ ကိုယ့်ဘဝနဲ့ကိုယ်ပေါ့။ ဆက်အိပ်လို့မရတော့မယ့်အတူတူ မေးထောက်ရင်း အခန်းအပြင်ဘက်တွင်သွားလာနေကြသူများကိုသာ ငေးကြည့်နေလိုက်တော့သည်။
အတန်းပြီးကြောင်းအချက်ပြသံနောက်မှာ စာအုပ်ပိတ်သံတွေကိုယ်စီထွက်လာပြီးနောက် လည်ပင်းမှ headphone ကို ခေါင်းပေါ်သို့နေရာပြောင်းလိုက်ရင်း စာအုပ်တစ်အုပ်မှမပါသည့် ကျောပိုးအိတ်ကို ကြိုးတစ်ဖက်မှလွယ်ကာ အတန်းထဲမှထွက်လာခဲ့လိုက်သည်။ဟုတ်သား။ ဟိုဆရာခေါ်ထားသည်ကို သွားရဦးမည်။ မသွားလို့မရ။ အိမ်သို့အကြောင်းကြားစာအပို့ခံရပါက မိုးမီးလောင်သည်ထက်ဆိုးမည့်ကိစ္စမှစောင့်ကြိုနေမည်။ မလိုအပ်သည့်အရာအတွက် အားအင်တွေမဖြုန်းတီးချင်။ ဒီနေ့ညနေဘာစားရင်ကောင်းမလဲဆိုတာကိုတွေးရင်း ဆရာများနားနေခန်းရှေ့သို့ရောက်လာခဲ့တော့သည်။
"ဝင်ခွင့်ပြုပါ" တံခါးကို ပြန်မပိတ်ဘဲဝင်လာသည့် သူမအား အခန်းထဲရှိဆရာများက အမြင်မကြည်ကြသည့်အကြည့်ဖြင့်ကြည့်ကြသည်။ ဂရုတော့မစိုက်ဖြစ်။ မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်ရင်း အတန်းထဲတွေ့လိုက်ရသည့်ဆရာကိုရှာလိုက်သည်။ တွေ့ပြီ!

YOU ARE READING
My Supervisor
FanfictionWhen destiny makes a special encounter for the two of them Kim Namjoon X OC (Myanmar Language) (Both Unicode and Zawgyi Included)