Hye-in's POV
မျှော်လင့်ချက်ကြီးကြီးထားလေ မျှော်လင့်ထားသလိုမဖြစ်လာရင် စိတ်ပျက်ရလေတဲ့။ Hye-inie လေး လက်တွေ့ခံစားနေရပါပြီ
မနေ့က Kim Namjoon ကစာကြည့်တိုက်သွားဖို့ပြောသွားလို့ စိတ်လှုပ်ရှားပြီး ဝတ်စုံရွေးတာ အဝတ်ဗီရိုတစ်ခုလုံး လေဆင်နှာမောင်းဝင်မွှေသွားသလိုပင်။ နောက်ဆုံးတော့ အပြာခပ်ရင့်ရင့်အောက်ခံတွင် daisy ပန်းပွင့်သေးသေးလေးတွေပါတဲ့ဂါဝန်လက်ရှည်လေးကိုရွေးလိုက်သည်။
"ဒီဂါဝန်က အရမ်းကြီးမတိုသလို အရမ်းလည်းမရှည်ဘူး။ perfect!" ဆံပင်ကိုတော့ တစ်ဝက်စည်းသွားလိုက်မယ်။ အရမ်းကြီးပြင်ဆင်ထားတဲ့ပုံမပေါက်ဘူးလို့ထင်ရတာဘဲ
စာကြည့်တိုက်သွားရမည်ဟု မနက်စာစားကတည်းကအသိပေးထားပြီးသားမို့ လက်စွဲတော်အိတ်ကလေးအားဆွဲရင်း သီချင်းတအေးအေးဖြင့်အိမ်မှထွက်လာခဲ့လေသည်။ စာကြည့်တိုက်နားရောက်ခါနီးမှနှင်းမှုန်လေးတွေခပ်ဖွဲဖွဲကျလာသည်မို့ ခပ်သုတ်သုတ်ပြေးရင်း ညကမိုးလေဝသသတင်းမကြည့်မိသည့်ကိုယ့်ကိုကိုယ်အပြစ်တင်နေမိသည်
"ဟူး တော်သေးတာပေါ့ ရောက်ခါနီးမှနှင်းကျလို့ မဟုတ်ရင် စိုစိုစွတ်စွတ်ကဖြစ်နေဦးမယ်" ဆံပင်ပေါ်ကနှင်းပွင့်လေးတွေကိုခါထုတ်ရင်း စာကြည့်တိုက်ထဲမျက်စိကစားမိတော့ သစ်သားခုံတန်းလေးပေါ်မှာ ခြေချိတ်ထိုင်ရင်းစာအုပ်ဖတ်နေတဲ့ Namjoon sanbae ကိုတွေ့လိုက်ရသည်။ အခေါ်အဝေါ်ပြောင်းသွားတယ်လား? ညက ကိုကို့ရဲ့ supervisor ကိုလေးစားသမှုနဲ့ခေါ်ဝေါ်သင့်ကြောင်း သြဝါဒခြွေပြီးတော့ ဒီလိုခေါ်ပါလို့ပြောင်းခိုင်းလိုက်လို့ ပြောင်းခေါ်တာ
တဖြည်းဖြည်းနဲ့အနားကပ်သွားတော့ စာဖတ်နေရာမှမော့ကြည့်လာသည်။ ဒီလူကြီးက ဒီနေ့မှအလှတွေပြင်လာတာလားဘဲ ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ကြည့်ကောင်းနေရတာလဲ

ESTÁS LEYENDO
My Supervisor
FanficWhen destiny makes a special encounter for the two of them Kim Namjoon X OC (Myanmar Language) (Both Unicode and Zawgyi Included)