Hye-in's point of view
ဘာလိုလိုနဲ့ Supervisor အထားခံရတာတောင် တစ်လပြည့်တော့မှာဘဲ။ အစကတည်းက အာရုံစိုက်ရင် စိုက်သလို မထင်မှတ်ထားသည့်အရာများကိုလုပ်နိုင်သည်မို့ အတန်းပြီးချိန်တိုင်း သင်ခန်းစာများကိုပြန်ဆွေးနွေးရခြင်းသည် သိပ်တော့မခက်ပါ။ အိပ်ချိန်များပဲ့ပါသွားသည်ကြောင့် ပထမတစ်ပတ်တွင် Kim Namjoon ဆိုသူအားသိပ်မကြည်ပေမယ့် နေ့ဘက်တွင်မအိပ်ရသောကြောင့် ညဘက်များတွင်စောစောအိပ်ဖြစ်သွားသည်က သူမ၏ပန်ဒါမျက်လုံးဟုတင်စားရလောက်သည့် အခြေအနေဖြစ်နေသော မျက်တွင်းနက်များအတွက်တော့ မျက်တွင်းညိုအဖြစ်ပြောင်းလဲလာစေသည်။ ဒီနေ့လည်းပုံမှန်အတိုင်း သင်ခန်းစာဆွေးနွေးရန်ဖြစ်သည်။ အထူးအခြားဘာကြောင့်ပြောနေရတာလဲ? ဒီနေ့အတန်းတွေက မနက်ပိုင်းနှစ်ချိန်သာရှိသည်မို့ Album ပြေးဝယ်ပြီးလျှင် ညနေလွှင့်မည့် live အတွက်ပြင်ဆင်ရန်အိမ်စောစောပြန်မည်ဟုစီစဉ်ထားသော်လည်း Kim Namjoon ဆိုသူက သူ၏ Research paper ကိစ္စအတွက်ဆရာနှင့်ဆွေးနွေးရန်ရှိသောကြောင့် ညနေမှတွေ့ဖို့ချိန်းထားသည်ကြောင့် အိမ်ပြန်လို့မရဘဲ စာကြည့်တိုက်တွင်ငုတ်တုပ်ထိုင်နေရလေသည်။"Aish စိတ်တိုလိုက်တာ တကယ်ပါဘဲ။ ကလေးတွေ comebackကိုအကြာကြီးစောင့်ခဲ့ရလို့ အပြတ် support ပါမယ်ဆိုမှ Aish" ထိုင်နေရတာကြာလာလေ စိတ်ကပိုတိုလာလေမို့ ဆယ့်ငါးမိနစ်ခန့်ထိုင်စောင့်ပြီးနောက်တွင်တော့ သည်းမခံနိုင်တော့သည့်အတွက် အိတ်ဆွဲရင်း Album ဝယ်ရန်ပြေးလေတော့သည်
နောက်ဖြစ်မယ့်ကိစ္စကိုနောက်မှရှင်းမယ်။ အခု ကလေးတွေကပိုအရေးကြီးတယ်။ မြန်မြန်လေးပြေးလိုက်စမ်းပါခြေထောက်လေးတို့ရေ
Live ပြီးသွားချိန်မှာတော့ အရမ်းကိုပီတိတွေဝေဖြာရင်း ကလေးတွေ tweet ပေးတဲ့ပုံလေးတွေနဲ့ performance တွေကိုတစိမ့်စိမ့်ပြန်ကြည့်နေတုန်း အခန်းတံခါးခေါက်သံကြားလိုက်ရသည်။
![](https://img.wattpad.com/cover/241084486-288-k731456.jpg)
YOU ARE READING
My Supervisor
FanfictionWhen destiny makes a special encounter for the two of them Kim Namjoon X OC (Myanmar Language) (Both Unicode and Zawgyi Included)