Zawgyi
ကျနော် သူ့ကို ချစ်ခဲ့တယ်..
အရမ်းအရူးအမူးလည်းဖြစ်ခဲ့တယ်
အဲဒီအချစ်ကိုမြင်အောင်သာ သူ့မကြည့်နိုင်ခဲ့တာပါ×××××××××××××××××××××
၂၀၀၉..
အိမ်ခြံဝင်းရှေ့မြက်ခင်းလှလှလေးအနား သစ်သားထိုင်ခုံလေးနဲ့စားပွဲလေးတွင် ပိုင်ခွန်းသနဲ့ ရှန်မင်းဆက် ထိုင်နေသည်။ဆယ်တန်းစာမေးပွဲလည်းနီးကပ်နေပြီဖြစ်တာကြောင့် ကျောင်းစာများကို အိမ်ကနေကြပ်မတ်ပေးရန် ပိုင်ခွန်းမပြန်ဘဲရှိနေတာကြာခဲ့ပြီ။သူ့ဆီမှမေးခွန်းကိုဖြေဆိုပြီးသော ရှန်ရဲ့အဖြေလွှာကိုစစ်ဆေးနေသည်။ပေါက်စကတော့ ဖရဲသီးခြမ်းကိုဇွန်းနဲ့ ကော်ကာစားနေသည်။
"ဆရာ စားကြည့်မလား ချိုချိုလေး။"
"မင်းသာစားစမ်းပါ။ငါမအားဘူး.."
ပိုင်ခွန်းသည် မျက်မှန်တတ်ကာ အဖြေလွှာစစ်ရင်းပင် ပြန်ပြောလိုက်သည်။အခြအနေကဆိုးတော့မဆိုး..ဒီနှစ်အတွင်းရှန်လေး စာတော့လုပ်သည်။အမှတ်တစ်ရာဖိုးမှာ ၇၀ကျော်လောက်က တစ်လုံးမလွဲမှန်သည်မို့ ကျေနပ်စရာပင်။
"ဆရာ..ဆရာကျောင်းပီးရင် ဘာလုပ်ချင်လဲ။"
"မသိသေးဘူး။"
"အဲလို့မျိုးဘယ်မှာရှိလို့လဲ။ဒါနဲ့ ဆရာရဲ့ ကောင်မလေးလေ..ပြတ်သွားပြီလား.."
"မင်းနဲ့မဆိုင်ဘူး။"
"သြော်..ပြတ်သွားတာဘဲ.."
ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့် သူအတွေးနဲ့သူတော့ဟုတ်နေသည်။
"ဝမ်းမနည်းပါနဲ့ လာဒ်ပိတ်တတ်တဲ့ပစ္စည်းထွက်သွားတယ်ဘဲမှတ်လိုက်ပါ။"
"လူကလက်တောက်လောက်ဘဲရှိသေးတယ် ဆရာကြီးလုပ်လာလုပ်နေပြန်ပြီ။"
"ဆရာကရော..ရည်းစားသာထားဖူးတာ နမ်းကောနမ်းဖူးလို့လား။"
သောက်ကလေးစကားကြောင့် ပိုင်ခွန်းထမရိုက်ရုံတမယ်မခံချင်စိတ်က ထောင်းခနဲထသွားရသည်။
"ဘာ..!!!"
"အေးလေ ဆရာက နဂိုဒူတာဆိုတော့။ကျနော်လည်း မနမ်းဖူးပေမဲ့ သိသင့်သလောက်သိပါတယ်နော်..ဒီလို နုတ်ခမ်းထူထူလေးဆို ဘယ်လိုခံစားမလဲမသိဘူး"

DU LIEST GERADE
You are My First Love (or) My Investigator
Romantikတွေ့ဆုံမှုတစ်ခုဟာ ခွဲခွာခြင်းရဲ့အစဆိုတဲ့အဓိပ္ပါယ်လို့ ငါသိလိုက်ရတာ ငါ့အချစ်ဦး မင်းကြောင့်ပါ။