Zawgyi
ဘဝဆိုတာ တေးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ရင်
အချစ်ဦးဆိုတာ
စာသားမပါတဲ့ဆွေးမြေ့မြေ့တယောသံစဉ်လေးသာ××××××××××××××××××××××
ပိုင်ခွန်းသ ရုံးခန်းမှထွက်လာပြီး ဘုန်းသစ်ဟန်ပေးသည့် အချက်အလက်ဖိုင်တွဲကိုယူလာသည်။Mလုပ်ငန်းစုရဲ့ ရှေ့တွင်ထိုးရပ်လာသော Black carပေါ်သို့ သူတက်လိုက်သည်။အမှန်စင်စစ် ပိုင်ခွန်းသသည် ထင်သလောက်ရိုးရှင်းတဲ့သူမဟုတ်ပေ။
"ဘယ်လိုလဲ။"
"အောင်ခဲ့တယ်။မနက်ဖြန်ချက်ချင်းအလုပ်ဆင်းပါတဲ့။"
"ဂုဏ်ယူပါတယ်..စုံစမ်းရေးမှုးပိုင်ခွန်းသ။ဒီဘက်ကအလုပ်တွေ အားလုံး ကျုပ်တို့ကိုလွဲခဲ့ပြီး M လုပ်ငန်းစုဘက်ကိုသာအာရုံစိုက်။"
နှင်းဝတ်ရည်က လက်ခုပ်အောဘာတီးကာ ပြောင်ချာ်ချော် လုပ်နေသည်။
"ကျားဂူထဲဝင်တဲ့သူမဟုတ်ရင် ပါးစပ်ပိတ်ထားလိုက်။ငါဘာတွေလုပ်နေမှန်းမသိတော့ဘူး။"
ပိုင်ခွန်းသကို ဦးဆက်နိုင်က ပုခုံးပုတ်ကာအားပေးလိုက်သည်။
ပိုင်ခွန်းသ သည် ရန်ကုန်အနောက်ပိုင်းခရိုင်မှ လက်ထောက်စုံစမ်းရေးမှုးတစ်ဦးဖြစ်သည်။LawMajorနဲ့ မဟာဘွဲ့ရခဲ့ပြီး စုံစမ်းရေးဌာနတွင် အလုပ်ဝင်ခဲ့ခြင်းဖြစ်သည်။"ဒါထက် အသက်က ဘယ်လိုလုပ်လိမ်လိုက်ရတာလဲ။"
"ဒီခေတ်ထဲမှာ အတွ့အကြုံမရှိတဲ့ အသက်၃၁နှစ်က အလုပ်စလျှောက်တာရှိလို့လား..။"
မင်းသစ်က ပိုင်ခွန်းကိုပြောလာသည်။Cyberရဲလည်းဖြစ်သလို နည်ပညာပိုင်းလည်းကျွမ်းကျင်သူမို့ အလုပ်ဝင်ခွင့်ကအစ သူလုပ်ပေးခဲ့သည်။
"အာရုံစိုက်ထားရအောင်။ဒီစုံစမ်းမှုက တော်တော်လေးကြီးလို့.."
M လုပ်ငန်းစုတွင် ငွေကြေးခါဝှာချမှုများနဲ့ တရားမဝင် လုပ်ငန်းအများအပြားရှိနေသည် ဆိုသောသတင်းကြောင့် လျှိုဝှက်စုံစမ်းရေးလုပ်နေခြင်းဖြစ်သည်။
"M ကုန်သွယ်ရေးက ဗန်းပြဘဲ။နောက်ကွယ်မှာ မှောင်ခိုလုပ်ငန်းတွေရှိနေနိုင်တာမို့ မရိပ်မိအောင်နေရမယ်။"
YOU ARE READING
You are My First Love (or) My Investigator
Romanceတွေ့ဆုံမှုတစ်ခုဟာ ခွဲခွာခြင်းရဲ့အစဆိုတဲ့အဓိပ္ပါယ်လို့ ငါသိလိုက်ရတာ ငါ့အချစ်ဦး မင်းကြောင့်ပါ။