𝙲𝙷𝙰𝙿𝚃𝙴𝚁 1❣️

2.8K 357 8
                                    

1999ခုနှစ်ရဲ့...နွေရာသီတစ်ခု...

ဘူချွန်းမြို့ပြင်က Byunမျိုးနွယ်အပန်းဖြေစံအိမ်ကို...အသက် ၇နှစ်အရွယ်ကလေး တစ်ယောက် ပါ လာခဲ့တယ်....

ကလေးလေးနာမည်က Byun Baekhyunတဲ့...

"သား..ဘတ်ဟျွန်းနီ......လာပါဦး...ဒီကိုကို့နာမည်က
ပတ်ခ်ချန်းယောလ်တဲ့...သားနဲ့အတူသူငယ်ချင်းလုပ်ပေးမှာနော်...ကိုကိုနဲ့တည့်အောင်နေနော် ဘတ်ဟျွန်းနီ.."

"မင်္ဂလာပါ...သားနာမည် ဘတ်ခွန်းနီပါ..."

လက်ထဲက ဝက်ဝံရုပ်အဝါရောင်လေးကိုကျစ်နေအောင်ဖက်ထားရင်း ပြောလာတဲ့ ပေါက်စလေးက တကယ့်ကိုဖြူစင်လွန်းတာပဲ....

"သားမိတ်ဆက်လိုက်ဦးလေ...ညီလေးကို..."

"မင်္ဂလာပါ ဘတ်ဟျွန်းနီ...ဘတ်ဟျွန်းနီပျင်းနေရင်ကိုကို နဲ့အတူလာဆော့နော်..."

"ဟုတ်ကဲ့ပါ"

မျက်လုံးသေးသေးလေးတွေ မှိတ်ကျတဲ့အထိရယ်ပြရင်း...
ပြောလာတဲ့ ကလေးလေးကိုကြည့်ရင်း ချန်းယောလ်ပါလိုက်ပြုံးမိသည်။

___________________

"ခစ်ခစ် ကိုကို မလုပ်ပါနဲ့ ဘတ်ခွန်းနီ ယားတယ်..ခ်ခ်"

"ဟေ့...အရှုံးပေးပြီလား ပြော...."

"ဟုတ်ဟုတ် ရှုံးပါတယ် အိုက်ယား ဘတ်ခွန်းနီ ရှုံးပါပြီ....ခိခိ"

အဝါရောင်သိပ်ကြိုက်တဲ့ ကလေးပေါက်စလေးဟာ...
အဝါရောင်စွပ်ကျယ်လေးကိုဝတ်ထားပြီး...
ကြမ်းပြင်ပေါ်မှာလူးလှိမ့်နေရ လေသည်။

ပြေးတမ်းလိုက်တမ်းကစားတိုင်း ကိုကို့ကို ဘတ်ခွန်းနီ အမြဲရှုံးတယ်...
ခြေထောက်အရှည်ကြီးနဲ့ ကိုကို ကဘတ်ခွန်းနီကို တစ်ခါမှအလွတ်မပေးဖူးဘူး...

ဘတ်ခွန်းနီလည်းပြေးတာပါပဲ...ဒါပေမယ့် ကိုကို့လိုခြေထောက်ရှည်ရှည်တွေ မရှိတဲ့အပြင် ဗိုက်ပူပူတစ်ခုပါအပိုရှိနေတာကြောင့် အရမ်းပြေးတဲ့အခါမောလို့ သိပ်မပြေးနိုင်ဘူး....

ကိုကို ကဖမ်းမိသွားတိုင်း...ဘတ်ခွန်းနီကို ကလိ ပဲထိုးတယ်... ဘတ်ခွန်းနီရဲ့ ဗိုက်ပူပူလေးကို ကိုကို့လက်တွေနဲ့ ကလိထိုးတဲ့အခါ ယားလိုက်တာလေ...

𝙻𝙾𝚅𝙴 𝚈𝙾𝚄 𝚃𝙷𝚁𝙴𝙴 𝚃𝙷𝙾𝚄𝚂𝙰𝙽𝙳𝚂(Completed)Where stories live. Discover now