𝙵𝙸𝙽𝙰𝙻 ♕︎

1.4K 188 18
                                    

ကျတော့်ရဲ့ အသက် ၂၅ နှစ် ကိုကိုကတော့ ၂၈ နှစ်ပေါ့...

ပင်လယ်ရဲ့ လေပြေနုနု တစ်ချို့ကတော့ ကျတော့် ကိုယ်ဘေးမှာဝေ့ဝဲတိုက်ခတ်လို့ ကောင်းချီးပေးနေလေရဲ့...

သဲပြင်ဖြူဖြူပေါ်က အဖြူရောင်လျှောက်လမ်းလေးက
ဘဝတစ်သက်တာလျှောက်ခဲ့ရတဲ့လမ်းတွေထက် အဆပေါင်းများစွာကို သာလွန်ပြီး လှပလွန်းနေတာပေါ့...

အပြာရောင်ပင်လယ်ပြင်ကြီးကို နောက်ခံထားလို့
ကျတော့်အလာကို ရပ်စောင့်နေတဲ့ သတို့သားဟာလည်း
အဖြူရောင်ဝတ်စုံနဲ့ သိပ်ကို ချောမောနေလွန်းလို့
အနောက်မှာ အတောင်ပံတွေပါရှိမနေတာကံကောင်း...

သိပ်ကို ကျက်သရေရှိတဲ့ မနက်ခင်းရဲ့နေရောင်ကလည်း
ကျတော့်သတို့သားရဲ့ အရောင်အဝါလောက် လင်းမနေဘူးလို့တောင်ထင်မိတယ်...

လျှောက်လမ်းဘေးက မင်္ဂလာပွဲတက်ရောက်သူတစ်ချို့ကတော့ နှစ်လိုတဲ့ အပြုံးချိုချိုတွေနဲ့ ကျတော့်ကို ကောင်းချီးပေးနေကြပြန်သည်...

လျှောက်လမ်းအဆုံးမှာ ရပ်စောင့်နေတဲ့ ဘတ်ဟျွန်းနီရဲ့သတို့သားလေးရေ...
ခင်ဗျားရဲ့ ဘယ်ဘက်ပါးက ပါးချိုင့်ဆိုတဲ့ဖြစ်တည်မှုလေးကိုချစ်လိုက်တာ....
ခင်ဗျားရဲ့ မျက်ဝန်းလှလှက မြတ်နိုးစရာအကြည့်တွေကို
ချစ်လိုက်တာ...
ခင်ဗျားရဲ့ နားရွက်ကားကား လေးရဲ့ အဖိုးတန်မှုလေးကို
ချစ်လိုက်တာ...
ခင်ဗျားရဲ့ နှုတ်ခမ်းလှလှဆီက အပြုံးနုနု ကို ချစ်လိုက်တာ...
ခင်ဗျားရဲ့ ပုလဲလုံးနဲ့တူတဲ့ သွားဖြူဖြူလေးတွေကို
ချစ်လိုက်တာ...

ခင်ဗျားရဲ့ ပင်လယ်လောက် ကျယ်ပြန့်တဲ့ ပုခုံး ကြီးကြီးပေါ်မှာ ကျတော့်ရဲ့ ‌ဘဝလေးကို တင်ထားပေးပါဦး...

ခင်ဗျားရဲ့နူးညံ့‌လွန်းတဲ့ အချစ်တွေနဲ့ ကျတော့် နှလုံးသားထဲက အချစ်တွေ ရှင်သန်နိုင်အောင်ပျိုးထောင်ပေးပါဦး..

ခင်ဗျားရဲ့ သန်မာတဲ့လက်တစ်စုံနဲ့ ကျတော့်ရဲ့ ဖြစ်တည်မှုသေးသေးလေးကို ကာကွယ်ပေးပါဦး...

ချစ်ပါတယ် ကိုကို...

"ပတ်ခ်ချန်းယောလ်မှ ဗြောင်ဘတ်ဟျွန်းအား မိမိ ၏ ခင်ပွန်းယောကျာ်း အဖြစ် ရိုးမြေကျ ပေါင်းသင်းနိုင်ပါရဲ့လား"

𝙻𝙾𝚅𝙴 𝚈𝙾𝚄 𝚃𝙷𝚁𝙴𝙴 𝚃𝙷𝙾𝚄𝚂𝙰𝙽𝙳𝚂(Completed)Where stories live. Discover now