𝚂𝚠𝚎𝚎𝚝 𝙿𝚊𝚛𝚝❤︎

1.1K 201 23
                                    

( အဟမ်း အဟမ်း!!!
ဒီ Chapter အတွက် Warning အကြီးကြီးပေးပါတယ်...ဘဲ မရှိတဲ့ အက်ဖုအေ မမတွေ အတွက် အရမ်းကိုအထိနာစေမှာမို့ မဖတ်နိုင်ရင်မဖတ်ပါနဲ့:')

တနင်္ဂနွေပိတ်ရက်တွေဆို...ဘတ်ဟျွန်း ကိုကို့ အိမ်ကိုသွားလည်လေ့ရှိတယ်....

နှစ်ယောက်သား ချစ်သူဖြစ်ခွင့်ကိုဖေဖေ့ ဆီကလည်းခွင့်တောင်းပြီးပြီမို့....

အခွင့်အရေးမယူတတ်တဲ့ ကိုကို ကသိပ်ကိုပိုလွန်းတယ်
လက်ထပ်မယူခင်အထိ ကိုယ်ထိလက်ရောက်မလုပ်ပါဘူးဆိုတဲ့ ကတိကိုပါ မေမေ့ဆီမှာ ပေးထားခဲ့သေးတာ....

ဒီက အထိခံချင်ပါတယ် ဆို ဒီလူဟာ သိပ်ရိုးတယ် မေမေရေ.....

ကိုကို နဲ့ညနေဘက်ဆို...မြို့ထဲလျှောက်လည်ဖြစ်တာများပေမယ့်...

ဒီနေ့တော့ ပန်းခြံတစ်ခုကိုရောက်နေဖြစ်တယ်...။

ကိုကို ကစာအုပ်လေးအချို့ပါယူလာခဲ့တယ်....

ငယ်ငယ်က ကိုကိုနဲ့အတူ ဖတ်ခဲ့ရတဲ့ ကလေးပုံပြင်လေးတွေ ကိုကိုက အခုထိသိမ်းထားပေးတုန်းပဲလေ....။

ချစ်တတ်လွန်းပါတယ် ကိုကို...။

ဘတ်ဟျွန်းနီရဲ့ပေါင်ပေါ် မှာ ခေါင်းအုံးရင်း...
စာအုပ်လေးတွေတစ်အုပ်ပြီးတစ်အုပ်ဖတ်ပြနေတဲ့ကိုကိုက

ဘတ်ဟျွန်းနီ အတွက် နတ်သားတစ်ပါးလိုပဲ...

ကိုကို့ရဲ့ဆံပင် နုနလေးရယ်....
ကိုကို့ရဲ့ နက်မှောင်နေတဲ့ မျက်ခုံးမွှေးတန်းထူထူလေးရယ်...
ကိုကို့ မျက်ခွံပေါ်က မျက်ရစ်ထင်းထင်းလေးရယ်....
ကိုကို့ ရဲ့ မျက်တောင်ခပ်စင်း‌စင်းလေးတွေရယ်...
ကိုကို့ရဲ့ နှာတံလှလှလေးရယ်...
ပါးပေါ်က အချိုင့်လေးရယ်....
သေသပ်လွန်းလှတဲ့ နှုတ်ခမ်းတစ်စုံရယ်....
မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကို လက်ချောင်းတို့နဲ့ခပ်ဖွဖွ လိုက်ပြီးတို့ထိမိနေရင်း ပြုံးနေမိသည်။

ကိုကို့ရဲ့ အရာရာတိုင်းကို သဘောကျလွန်းလို့...
ကျတော့်မှာအရူးလိုဖြစ်နေပါတယ် ....။

လောကမှာအချောဆုံး အမျိုးသားကိုငါပိုင်ရတော့မှာလား...။

𝙻𝙾𝚅𝙴 𝚈𝙾𝚄 𝚃𝙷𝚁𝙴𝙴 𝚃𝙷𝙾𝚄𝚂𝙰𝙽𝙳𝚂(Completed)Where stories live. Discover now