𝙲𝙷𝙰𝙿𝚃𝙴𝚁 3

1.1K 235 7
                                    

"မိုးရေထဲ ပြေးသွားပြီး နေမကောင်းဖြစ်ချင်လို့လား
ဘတ်ဟျွန်းနီ.."

မေမေရေ...သားအိမ်မက်မက်နေတာလား?
ဒါမှမဟုတ် မိုးကြိုးပစ်ပြီး ဒီနားမှာပဲ ဝိညာဉ်ထွက်သွားတာလား...?

မယုံဘူး...
မဟုတ်သေးဘူး...
ပြီးတော့ မှန်နေတယ်...အယ့်တာ ကိုကိုပဲ...

မျက်လုံးဝိုင်းဝိုင်းရယ်...
နားရွက်ကားကားရယ်...
ဘယ်ဘက်ပါးပေါ်က ပါးချိုင့်ကြီးကြီးတစ်ခုရယ်...
မှန်တယ် ကိုကိုမှ ကိုကိုပဲ...

"ဘာ...ဘာလို့လည်း..?

လေးနှစ်ဆိုတဲ့အချိန်ဟာ ခင်ဗျားအတွက်နည်းနေတာလား
ဘာမှမဖြစ်တဲ့ ပုံစံမျိုးနဲ့ ကျတော့်ကို ပြုံးပြနေနိုင်တာ...

ဘာ လို့ အ ခု မှ ရောက် လာ တာလဲ..."

"ဘတ်ဟျွန်းနီ..."

ကျတော့်နားခြေတစ်လှမ်းတိုးလာတော့...
ခြေထောက်တို့ဟာသူနဲ့ထပ်တူနောက်ကို ဆုတ်သွားတဲ့အခါ...

" ဘယ်လောက်တောင်သည်းခံပြီးစောင့်နေခဲ့ရလည်းသိတယ်မလား?"

"ကိုကို သိပါတယ် ဘတ်ဟျွန်းနီ...."

"သိရဲ့သားနဲ့ ဘာလို့နေနိုင်ခဲ့တာလည်း ခင်‌ဗျားတကယ်မကောင်းဘူး ပတ်ခ်ချန်းယောလ်"

ကျတော့်ရဲ့အလွမ်းထုထည်နဲ့ယှဉ်ရင် ဒီစကားက ကိုကို့အတွက်နာကျ‌င်စေမယ်ဆိုရင် ခံလိုက်ပါ...။

သိပ်ပျော်လွန်းလို့ ကျနေတဲ့ကျတော့် မျက်ရည်တွေတော့
ကျတော့်စကားကိုနားမထောင်ကြဘူး ကိုကိုရဲ့...

ဆွဲငင်ယူလိုက်တဲ့လက်တစ်စုံနဲ့ ကျတော်ဟာလည်း...
ဒီလူ့ ရင်ခွင်ထဲအရောက်ပေါ့...

"လွမ်းနေခဲ့တာ...ကိုကို ခင်ဗျား က တကယ်ဆိုးတဲ့လူပဲ..."

ပိုပြီးတင်းကြပ်လာတဲ့ ပွေ့ဖက်မှုကြား ရုန်းဆန်ခြင်းမ မည်တဲ့လှုပ်ရှားမှုတစ်ခုနဲ့အတူ ထိုလူ့ရဲ့ ရင်ဘတ်ကိုထုရိုက်နေမိသည်။

ရင်ငွေ့နွေးနွေးထဲ အချိန်တစ်ခုကြာအထိ ခိုအောင်းနေမိသည်။

"လွမ်းနေခဲ့တာ.."ဆိုတာ စကားလုံးတစ်ခုမှမဟုတ်တာ...
ခင်ဗျားအတွက် ကျတော် ဘယ်လောက်ခံစားခဲ့ရတယ်

𝙻𝙾𝚅𝙴 𝚈𝙾𝚄 𝚃𝙷𝚁𝙴𝙴 𝚃𝙷𝙾𝚄𝚂𝙰𝙽𝙳𝚂(Completed)Where stories live. Discover now