𝙲𝙷𝙰𝙿𝚃𝙴𝚁 2

1K 265 8
                                    

ကိုကို့ဆီက စာပြန်မရတာ တစ်နှစ်တောင်ကျော်ပြီ....

ကိုကိုက ဘတ်ဟျွန်းနီ ကိုမေ့သွားတာတော့မဟုတ်ဘူးမလား...

ကိုကို့ စာမေးပွဲပြီးတဲ့အချိန်ထိ ဘတ်ဟျွန်းနီစောင့်နေခဲ့တာ...

နွေပိတ်ရက်သွားလည်တော့...ဘူချွန်းကနေ ကိုကိုတို့အိမ်ပြောင်းသွားတာတဲ့...

ကိုကိုရေ...ဘတ်ဟျွန်းနီ ကိုစောင့်နေမယ်ဆိုပြီးတော့...

သတိရတိုင်း ကိုကို အရင်ကပို့ထားတဲ့စာတွေကိုပြန်ဖတ်ပြီး

ရယ်မိတယ် တစ်ခါတစ်လေတော့ ငိုမိပြန်တယ်...

ကိုကိုသိရင် အရူးလေးလို့ပြောတော့မှာသေချာတယ်

တကယ်လည်း ရူးတော့မှာပဲ...ကိုကို ကဘတ်ဟျွန်းနီကို မေ့သွားတာလား မချစ်တော့လို့ စာမပို့တော့တာလား ဆိုတဲ့အတွေးတွေးမိတဲ့အခါ ...ရင်ဘတ်တွေအောင့်တယ် ကိုကို...

_______________________
2011.....
ကိုကိုနဲ့မတွေ့ရတာ...ကိုကို့ဆီက စာမလာတော့တာ...
ရက်ပေါင်းက တစ်ထောင့်ရှစ်ဆယ်နဲ့ငါးရက်..(.၁၀၈၅)

ကိုကို့ရဲ့အစား ဘတ်ဟျွန်းနီရင်ဖွင့်ထားတဲ့..တစ်နှစ်တာဒိုင်ယာရီစာအုပ်လေးက သုံးအုပ်မြောက်ကို ရောက်ပြီပေါ့...

ဆောင်းတွင်းက ထပ်ရောက်လာပြန်ပြီ ကိုကိုရေ...

ချယ်ရီပန်းတွေခြောက်လို့ အရင်လိုမလှတော့ဘူး...

ကိုကို့ ဆီကရတဲ့ ပန်းနဲ့တူတဲ့ပန်းကိုပဲလိုချင်တာ...ရှာလို့မတွေ့တော့ဘူး...

________________

ကိုကို ...ဘတ်ဟျွန်းနီ တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်ပြီ...
ဆိုးလ်တက္ကသိုလ်ဝင်ခွင့်ပါရတယ် ...

ကိုကိုသာသိရင်တော့..".ကိုကို့ ဘတ်ဟျွန်းနီ လေးကတော်‌လိုက်တာ"လို့ပြောမှာသေချာတာပေါ့...

နောက်ပြီး ကိုကို့ရဲ့ ဘတ်ဟျွန်းနီ လည်း လူကြီးဖြစ်ပြီသိရဲ့လား?

ဒါပေမယ့် ကိုကို့ လို လူခန့်ကြီးတော့ဖြစ်ဦးမှာမဟုတ်ဘူး
မေမေ့ကို ဘတ်ဟျွန်းနီ လူကြီးဖြစ်တဲ့အခါ ကိုကိုနဲ့တွေ့ပေးပါ့မယ်ဆိုတဲ့ ကတိ ကိုမတည်နိုင်သေးဘူးထင်တယ်...

𝙻𝙾𝚅𝙴 𝚈𝙾𝚄 𝚃𝙷𝚁𝙴𝙴 𝚃𝙷𝙾𝚄𝚂𝙰𝙽𝙳𝚂(Completed)Where stories live. Discover now