Part 21

1.5K 138 1
                                    

ချည်​ကြိုး​လေးမှချစ်​မိရာ

Part 21



သွေး​ရောင်​မရှိဖြူစုပ်​ကာ ​ဆေးအရှိန်​ဖြငိ့အိပ်​​ပျော်​​နေ​သော ချစ်​ရသူနှာဖူးထက်​မှ ဆံစများကိုလက်​ဖြင့်​သပ်​တင်​​ပေးလိုက်​ပြီး​နောက်​ ​တေဇမင်း​မောင်​တစ်​​ယောက်​ ​ဘေးနားတွင်​ချထား​သော လက်​ဆွဲ​တော်​ဓားအား​ကောက်​ယူလိုက်​ကာ ​အ​ဆောင်​​တော်​​ပေါ်မှထွက်​ခွာလာခဲ့သည်​။

''နန်းတွင်းဘက်​ကလူ​တွေကို​သေချာသတိထား ဓနမင်းထင်​တို့သူငယ်​ချင်းသုံး​ယောက်​မှလွဲ၍အခြားမည်​သူ့ကိုမျှအ​ဆောင်​​ပေါ်မတက်​​စေနဲ့´´

တေဇမင်း​မောင်​ ထိုအမိန့်​ကိုဓနမင်းထင်​နှင့်​စစ်​ထတိုက်​မတက်​ ညှိနှိုင်းခဲ့ပြီး​တော့မှ သူ့ဘက်​ကလူများကိုအမိန့်​​ပေးနိုင်​ခဲ့သည်​။

သူစိတ်​တိုင်းသာဆို ​ဒေ၀ီထိပ်​​ခေါင်​နား​နေ​သောအ​ဆောင်​နားသို့ သူမှလွဲ၍အခြားသူများကိုအကပ်​မခံနိုင်

သူ့တွင်​တိုက်​ပွဲတိုင်းတွင်​ ဒဏ်​ရာရရှိသူများအားလက်​​တွေကုသ​ပေး​နေ​သော ဓနမင်းထင်​ထက်​​တော်​​သောသမား​တော်​များရှိသည်​။

ဒေ၀ီထိပ်​​ခေါင်​၏ဖျားနာမှု့အ​ကြောင်းကိုသူအ​စောကတည်းကကြားသိပြီး​လေပြီ သို့​သော်​ အ​ခြေအ​နေအား​စောင့်​ကြည့်​ကာ ​နေ​နေသည်​မှ ယခုမိမိ​မျှော်​လင့်​ထားသည့်​အတိုင်းဖြစ်​လာခဲ့​လေပြီ

ဓနမင်းထင်​သည်​ ယခုခရီးစဉ်​တွင်​အခက်​​ဆွေ့​နေ​လေသည်​။သူ၏ချစ်​သူ အမွန်​ရွာကြီးသို့ထူးဆန်းစွာ​ရောက်​ရှိလာသူဟုဆိုသူ နန်းသွဲ့​နှောင်းဆို​သော သူငယ်​မသည်​လဲ ဖျားနာ​နေ​လေသည်​။

ညီမငယ်​ကိုလဲမပစ်​နိုင်​ ချစ်​ရသူကိုလဲမပစ်​ပယ်​နိုင်​ဖြစ်​​နေသည့်​အချိန်​တွင်​ သူ၏နယ်​​မြေထဲသို့​ရောက်​လာချိန်​တွင်​ သူသည်​ဓနမင်းထင်အတွက်​​​အားကိုးစရာတစ်​ခုဖြစ်​ခဲ့သည်​ထင်​၏။

တေဇမင်း​မောင်​ တစ်​​ယောက်​အ​စောင့်​များကို​သေချာမှာပြီး ခြံဝန်းအပြင်​တွင်​ ပြုလုပ်​ထား​သောမီးပုံ​ဘေးတွင်​ထိုင်​ကာ အ​တွေးများကို ကွန့်​မြူး​နေ​တော့သည်​။

ချည်​ကြိုး​လေးမှချစ်​မိရာWhere stories live. Discover now