Part 4 (Book 2)

1.5K 126 5
                                    

ချည်​ကြိုး​လေးမှချစ်​မိရာ (Book 2)

Part 4

''Daddy´´

Bjin group နှင့်​ချိန်းပြီး​ကြောင်း ဟံသာထွန်းထံမှ တင်​ပြလာချိန်​တွင်​ အိမ်​​ပေါက်​၀၌ ရင်းနှီး​နေ​သော ​ခေါ်သံ​သေး​သေး​လေး​ကြောင့်​ ဟံသာထွန်း​ရော မင်းဓနပါလှည့်​ကြည့်​မိသည်​။

''သခင်​​လေး ဘယ်​လိုလုပ်​​ရောက်​လာတာလဲ´´

မူကြိုဝတ်​စုံအပြည့်​ဝတ်​ထား​သောက​လေးငယ်​သည်​ ရိုးရှင်းလှ​သော ​ကြောပိုးအိတ်​​သေး​သေး​လေးအားလွယ်​ထားရင်း ​ဟံသာထွန်းအားတစ်​ချက်​ကြည့်​ကာ ​ဖြေး​ဖြေးမှန်​မှန်​​ခြေလှမ်းများဖြင့်​ဧည့်​ခန်းထဲသို့ဝင်​လာခဲ့သည်​။

မင်းဓနသည်​ ထိုက​လေး​လေးအားဘာမှမ​ပြော သူ့​ရှေ့တွင်​ ပုံ့ပုံ့​လေးဝင်​ထိုင်​လာခြင်းကိုသာ ​အေး​ဆေးစွာကြည့်​လိုက်​ရင်း​မေးလိုက်​သည်​။

''​ကျောင်းက​နေတန်းလာတာလား´´

''ဟုတ်​´´

''ထမင်း​ရောစားပြီးပြီလား´´

ပါး​ဖောင်း​ဖောင်း​လေး​တွေနဲ့ ဖန်​လုံးကဲ့သို့ကြည်​ပြ​နေ​သောမျက်​လုံး​လေးများမှာ.ရိုးသားမှု့အပြည့်​ဖြင့်​​ခေါင်းရမ်းပြလာခဲ့​သော​ကြောင့်​ မင်းဓနသက်​ပျင်းအသာရှိုက်​ရင်း ဟံသာထွန်းထံသို့အမိန့်​တစ်​ခု​ပေးလိုက်​သည်​။

''Bjin group နဲ့​တွေ့ဖို့​နောက်​ရက်​ကိုချိန်းလိုက်​ Relate စား​သောက်​ဆိုင်​မှာ မင်းသက်​​တံ့နှောင်း အတွက်​ Bookingလုပ်​ထား ခန​နေရင်​ထမင်းသွားစားကြမယ်​ မင်း​ရောလိုက်​ခဲ့´´

''ဗျာ~~ ကျွန်​​တော်​​ရောလိုက်​ရမှာလား Boss Boss Boss ​ရေ!!!!´´

ဟံသာထွန်း ထိုသားအဖနှစ်​​ယောက်​ရှိမဲ့​နေရာလိုက်​ရာမှာထက်​ ကျားမှီးကိုသာ​ပြေးဆွဲချင်​မိသည်​။

အေးစက်​စက်​နိုင်​လွန်း​သော.ထိုသားအဖနှစ်​​ယောက်​ရှိ​လျှင်​ ပတ်​၀န်းကျင်​မှာ မီးစ တစ်​စမျှမရှိသကဲ့သို့​အေးခဲ​နေတက်​သည်​။

ချည်​ကြိုး​လေးမှချစ်​မိရာDove le storie prendono vita. Scoprilo ora