Part 11 (Book 2)

1.3K 135 4
                                    

ချည်​ကြိုး​လေးမှချစ်​မိရာ (Book 2)

Part 11

''အရှင်​က ငယ့်​ဆီအ​ရောက်​လာမယ်​ဆိုပြီးဘာလို့အခုထိ​ရောက်​မလာ​သေးတာလဲအရှင်​´´

အ​မှောင်​ထုအတွင်းမှ ရင်းနှီး​နေ​သော အသံတစ်​ခုသည်​ မင်းဓနထံသို့အ​မေးစကားတစ်​ခွန်းဆိုလာခဲ့သည်​။

''ကိုယ်​မင်းကိုအမြဲလိုက်​ရှာ​နေခဲ့တယ်​ငယ်​ မင်းကအပုန်း​ကောင်းလွန်းတယ်​´´

မမြင်​ရ​ပေမဲ့ သူမ​လေးကြားမယ်​ဆိုတာစိတ်​ကအလိုအ​လျောက်​သိ​နေမိသည့်​အလား ပြန်​​ဖြေမိ​တော့ တစ်​ဖက်​မှတိုးညှင်းစွာဆိုလာ၏။

''လွမ်း​နေပြီအရှင်​ရဲ့..........´´

♥ ♥ ချည်​ကြိုး​လေးမှချစ်​မိရာ ♥ ♥

မင်းဓနမျက်​လုံးများပြန်​ပွင့်​လာသည့်​အချိန်​တွင်​.သူသည်​ သူ၏​နေအိမ်​သို့ပြန်​​ရောက်​​နေ​လေပြီ။

အိပ်​ယာ​ဘေးရှိ စာပွဲ​ပေါ်မှ​ရေကရားကိုငှဲ့လိုက်​ကာ ​ခြောက်​​သွေ့​နေ​သော.အာခံတွင်းကိုစိုစွတ်​​စေလိုက်​ပြီးနောက်​ ​လေးပင်​​သော သက်​ပျင်းတစ်​စုံကိုချမိသည်​။

ဘယ်​သူမှန်းမသိတဲ့​ကောင်​မ​လေးကိုသူလိုက်​ရှာချင်​မိသည်​။

ထို​ကောင်​မ​လေးသည်​ သူ့ကို​စောင့်​​နေသည်​ ဒါ​ကြောင့်​ပဲ သူထို​ကောင်​မ​လေးကို​တွေ့​အောင်​ရှာရမည်​။

''ဒယ်​ဒီ....´´

အခန်းတံခါးအပြင်​မှ အသံ​သေး​သေး​လေးသည်​ သူ့အား လက်​ရှိအချိန်​သို့ပြန်​​ခေါ်​ဆောင်​လာ၏။

''သားသားလားဝင်​ခဲ့​လေ´´

သူ့ထံမှခွင့်​ပြုချက်​ရသည်​နှင့်​ မင်းသက်​တံ့သည်​ အခန်းတံခါးကိုတွန်းဖွင့်​ကာ အခန်းတွင်းသို့ဝင်​လာခဲ့သည်​။

''ဒယ်​ဒီအိမ်​မက်​ဆိုး​တွေမက်​​နေတာလား´´

မင်းသက်​တံ့သည်​ မင်းဓန၏ကုတင်​​ပေါ်ကိုတက်​လာပြီး မင်းဓနရင်​ခွင်​ထဲသို့တိုးဝင်​ကာ​မေးလာ၏။

ချည်​ကြိုး​လေးမှချစ်​မိရာUnde poveștirile trăiesc. Descoperă acum