."အား!...ကျွတ်!..ကျွတ်!..."
"လူနာရှင့်..သတိရလာပြီလား..."
"Nae ဆရာမ....
တကယ်တော့...Lisa သတိပြန်ရပြီး နိုးနေတာ...တအောင့်ပင် ကြားနေခဲ့ပြီ....Kim jisoo သူ့ကို စကားလာပြောကတည်းကပင်။
Nurse မလေး..၀င်လာပြီး..မကြာလိုက်..Lisa သူသတိရနေကြောင်း..အသံပေးလိုက်သည်။
.
"သက်တောင့် သက်သာနေပါ...ဘာမှ လျှောက်မတွေးသေးနဲ့နော်...လူနာက ဦးခေါင်းပိုင်းကို ထိခိုက်ထားတာမို့..""Nae. ..ဆရာမ...ကျွန်တော့်ဖုန်းလေး...တွေ့မိလား..."
"မတွေ့မိဘူးရင့် လူနာရှင် ယူသွားတယ် ထင်တယ်..."
"အော်..."
"ကျွန်မ ဒေါက်တာ သွားခေါ်လိုက်အုံးမယ်နော်..."
"ရပါတယ်...ကျွန်တော့် သူငယ်ချင်း လာမှဘဲ ခေါ်ပေးပါ..ကျွန်တော့် .သူငယ်ချင်း ဘယ်သွားလဲ ဆိုတာ ဆရာမတို့ သိလားဟင်!''
"သူက အပြင်မှာ ထမင်းသွားစားတာပါ..."
"Nae. ..ကြာပြီးဘဲ ပြန်လာတော့မှာပါ...ဆရာမ နားချင် နာလိုက်လေ ကျွန်တော် အဆင်ပြေပါတယ်..."
"Nae. .ရပါတယ် ရှင့်..."
Nurse နဲ့ Lisa တို့ကြား တိတ်ဆိတ်ခြင်းတွေနဲ့ ရှိနေခဲ့သည်။..
Lisa ကုတင်ပေါ်မှာ မှိန်းနေရင်း...jennie ကို သတိရနေမိသည်။...
သူမ သူ့ကို မထားသွားလောက်ဘူးလို့သာ...ယုံကြည်နေမိသည်။
သူ့ဖခင် Mr manoban က..အတင်းအကျပ် ခေါ်သွားခဲ့ရင်တောင်...jennie က လိုက်မည်မဟုတ်....
Chaeyoung ပြန်လာမှ jennie ကို အခေါ်လွှတ်ဖို့...Lisa ဆုံးဖြတ်ထားသည်။...
.လူတင်ကုတင်ပေါ်မှာ...နာကျင်မှုတွေနဲ့...လတ်ဆတ်တဲ့ ဒဏ်ရာတွေနဲ့...ခံစားနေရတဲ့ သူ့အဖြစ်ကို ..သူသိပ်ချစ်ရတဲ့..သူမက မသိခဲ့တာ...သိခွင့်မရတာ..
တကယ့် ၀မ်းနည်းစရာပါ။
.
တကယ်ဆိုရင်...
ခင်ပွန်းသည် နေမကောင်းနေချိန်မှာ...
အနားမှာ နေပြီး...ပြုစု ဂရုစိုက်ရမှာ ဇနီးတစ်ယောက်ရဲ့..၀တ္တရားမဟုတ်လား...။
သူမသာ...သူ့အဖြစ်ကို သိခဲ့ရင်...
နီးသည် ဖြစ်စေ ..ဝေးသည် ဖြစ်စေ...အရောက်လှမ်းခဲ့မှ သေချာသည်။
ဘာကြောင့်ဆို...သူ့ထက် သူမက...ပိုချစ်ခဲ့သူမို့ပါ...။
သူမက သူ့ရဲ့စေညွှန်ရာ အမိန့်အောက်မှာသာ ပျော်မွေ့နေတတ်သူ တစ်ယောက်ပင်။...
....
.
.................................. ............
..
Other side. ..
.
Korea အစားအစာတွေသာ..ရောင်းသည့် စားသောက်ဆိုင်ကြီး...တစ်ဆိုင်ရဲ့..၀ရံတာနားက...စားပွဲဝိုင်းလေး တစ်ခုမှ...jisoo နဲ့ Chaeyoung တို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။..
မှာထားသည့်...စားစရာတွေ မရောက်သေးတာကြောင့်...
တိတ်ဆိတ်ခြင်းကို jisoo ဘက်က အသက်သွင်းလိုက်သည်။
.
"ဒါဆိုရင်...Lalisa က မင်းရဲ့ အလုပ်ရှင်ပေါ့..."
YOU ARE READING
စေညွှန်ရာ..jenlisa
Fanfictionချစ်ခဲ့ပါတယ်... ထပ်တူ..ပြန်ပြီး.. အချစ်မခံရတာကိုတော့... ကိုယ့်ရဲ့ ကံတရားပေါ့...။...။