15#

3.2K 133 13
                                    

.LM GROUP. .
Company Limited. .
.
"ဘယ်သူနဲ့ တွေ့ချင်လို့လဲရှင့်''

"ဒီက...အတွင်းရေးမှူးမလေး
..Park Chaeyoung နဲ့ပါ..."

"Nae. ..Chae unnie က..meeting အခန်းထဲ ၀င်နေလို့ပါ..."

"အော်...ရတယ် ကိုယ်စောင့်လိုက်မယ်..."

Jisoo တစ်ယောက် ...Chaeyoung နဲ့ မတွေ့ရတာ...(၁) ပတ်ကျော်နေခဲ့ပါပြီ...Lisa ကို ဆေးရုံ စတင်တဲ့ နေ့ကတည်းက တွေ့ခဲ့ရပြီး..အဲ့နေ့ကဘဲ နောက်ဆုံး တွေ့ခဲ့ရသည်။..
ပထမနဲ့ နောက်ဆုံး ဆိုပါတော့...။
.
နေ့ရက်နဲ့ တွက်ကြည့်ရင်တော့ (10)ရက်ခန့် ရှိသွားပါပြီ..။
ဒီနေ့တော့...Chaeyoung ကို တွေ့ချင်တဲ့ စိတ်က...ကြီးမားလာကာ...ထုထည် ကြီးသွားတာကြောင့် Jisoo မထိန်းချုပ်နိုင်ခဲ့...။
နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်တာက....
.
Chaeyoung ကို LM group Company အထိ လာတွေ့ခဲ့သည်။..
.
အခုတော့...jisoo ..Chaeyoung ကို Company ရဲ့ ဧည့်ခန်းမှာ ထိုင်စောင့်နေလိုက်သည်။..
....သူမက...အစည်းအဝေး ခန်းထဲ ရောက်နေလို့လေ...။
.
နာရီဝက်ခန့် ကြာသွားတော့...
Chaeyoung ..meeting အခန်းထဲကနေ ထွက်လာခဲ့သည်။
သူမရဲ့ လက်ထောက် တာဝန်ခံ ကောင်မလေးက...

"Chaeyoung unnie. .ဧည့်သည် တစ်ယောက် စောင့်နေပါတယ် .."

"ဘယ်သူတဲ့လဲ Yoona"

"မသိဘူး ငယ်ငယ် ချောချောလေးပါ..."

"အခု ဧည့်ခန်းမှာလား..."

"Nae. ..

"Okay. ..unnie သွားတွေ့လိုက်ပါ့မယ်..."

"☺...

Chaeyoung သူမရဲ့ ရုံးခန်းထဲ ပြန်ဝင်လိုက်ပြီး...CC TV ကို ဖွင့်
ကြည့်လိုက်သည်။
ဧည့်ခန်းထဲမှာ လူတစ်ယောက် ထိုင်နေတာကို တွေ့ရပေမယ့် ကျောပေးထား တာကြောင့် ဘယ်သူ ဘယ်ဝါ Chaeyoung ခန့်မှန်းလို့ မရခဲ့...။
သူမရဲ့ အင်္ကျီကို သေချာ ပြင်ဝတ်လိုက်ပြီး...
ဖုန်းကို ကောက်ကိုင်လိုက်ကာ...ရုံးခန်းထဲကနေ ထွက်လာလိုက်သည်။
.
ဒီနေ့လည်း..meeting ရှိကြောင်း Lisa ကို ဖုန်းဆက်ပြောတော့...ကြည့်လုပ်လိုက်ပါလို့...ပြောလာတော့...Chae တစ်ယောက် အဆင်ပြေအောင်သာ လိုက်လုပ်ပေးနေရသည်။...
အလုပ်ရှင် ဆိုတာထက် သူငယ်ချင်း အရင်းကြီး ဆိုတော့...Chaeyoung မငြင်းသာ...။
.
..................................................
Chaeyoung. .company က ဧည့်ခန်းထဲ ၀င်လာတော့...
Jisoo လည်း အ၀င်ပေါက် ဘက်ကို လှည့်ကြည့်လာကာ..ပြုံးပြနေသည်။...
...သူ့အပြုံးက...Chaeyoung ရဲ့ နှလုံးသားကို အတော်လေး စိုးမိုးနိုင်တယ်ဆိုတာ...သူမသိ...။
.
"ဘယ်သူ များလဲလို့ ရှင်ကိုး.."

စေညွှန်ရာ..jenlisa Where stories live. Discover now