12#

2.9K 131 5
                                    

.jennie တို့..ထိုင်းနိုင်ငံ..Bangkok. .
Sukon Court Sathorn Donmuang  Airport သို့...
လေယာဉ်ကြီး..ဆင်းသက်သွားသည်နှင့်...
ဖြည်းဖြည်းချင်း လေယာဉ်ပေါ်က ဆင်းလိုက်ကြသည်။
Mr manoban က..သူ့ရဲ့ဆွေမျိုးတွေကို.. ကြိုပြီး..ဖုန်းဆက်ပြောထားတာကြောင့်....
.
လာကြိုသူတွေက...ရောက်နှင့်နေကြသည်။
...Mr manoban က...ထိုလူတွေနဲ့ ထိုင်းဘာသာ လို ပြောပြီး နှုတ်ဆက်နေကြသည်။
.
ခနကြာမှာတော့...

"ဆော်ဝဒီခရပ်...😁"

အမျိုးသား တစ်ဦးက လက်ဦးလေးချီ ဦးညွတ်ပြီး jen ကို လာနှုတ်ဆက်သည်။..
Jen လည်း..အလိုက်တသိဖြင့်..

"ဆော်ဝဒီခ...😁"
.
ပြန်နှုတ်ဆက်လိုက်သည်။..
Korea လူမျိုးဆိုပေမယ့်...
Lisa နဲ့ ယူထားမှတော့...ထိုင်းစကား အနည်းအကျဉ်းတော့ ပြောတတ်ထားသည်။
.
"😊...

Mr manoban က..သူ့လူတွေနဲ့ စကားတွေ ပြောပြီး..
Jen တို့ သားအမိဘက်လှည့်လာကာ..
.
"သမီး Jennie. .ကားပေါ်တက်.
မြေးလေးကို သူတို့ကို ချီခိုင်းလိုက်...အထုပ်တွေ ပစ္စည်းတွေကို မသယ်နဲ့.. သူတို့ သယ်လိမ့်မယ်...''

"Nae appa. .."
.
Jen တို့ သားအမိ ကားပေါ်ရောက်တော့...

"ပူလား..သမီး..ထိုင်းက Korea ထက်ပူတယ်နော်...အဲကွန်းလေး...ခပ်အေးအေး ဖွင့်ထားလိုက်..."

"Nae. .appa. ..ရပါတယ်...သမီးလေး...အရမ်းအေးရင် နှာစီးတတ်လို့..."

"အော်..အေအေ..အဆင်ပြေ သလိုနေပါ..."

"Nae. .😊....

Thailand က Korea ထက် အပူချိန်မြင့်နေပေမယ့်...
Jen နှစ်သက်သည်။
ဘာလိုလဲ
ဆိုတော့...Lisa က ထိုင်းနိုင်ငံသား ဖြစ်နေလို့လေ...။
အခုဆိုရင်...Thai နဲ့ Korea ဖက်စပ်လို့...ကပ်ပြားမလေး...တစ်ယောက်ရလာပြီလေ...
Kim Lily manoban လေးပေါ့...ဖက်စပ်လေးမို့လား မသိ..သမီးလေးက...အားလုံးထက် ပို၍ ချစ်ဖို့ကောင်းနေသည်။
Lisa  ရဲ့...မွေးရပ်ဇာတိ..မြို့လေးမှာတော့...စိုက်ပျိုးရေး လုပ်ကိုင်သူတွေ များသည်။..
အုန်းခြံတွေ...
သရက်..ကြက်မောက်...နဂါးမောက်နှင့်...
တခြား..တခြားသော...သီးနှံများစွာ စိုက်ပျိုးထားတဲ့ ဥယျာဉ်ခြံလေးတွေ များသည်။..
.
သူနဲ့ လက်ထပ်ပြီး..သမီးလေးကို မမွေးခင်က...jen သူနဲ့ အတူ တစ်ခေါက်ရောက်ဖူးသည်။...
သူက..တစ်ဦးတည်းသော...ဖြစ်သူမို့ သူနဲ့ ပတ်သက်တဲ့ jen ကိုပါ. သူ့မိဘဆွေမျိုး...ဘိုးဘွားတွေကပါ...jen ကို မိသားစု အရင်းတစ်ယောက်လိုသာ..ဆက်ဆံကြသည်။
.
Jen အရမ်းပျော်ပါတယ်။
သူနဲ့ လက်ထပ်တာ နောင်တ မရခဲ့ဘူးလို့ ခံစားရတယ်...
သူ့မျက်နှာကို .တစ်ကမ္ဘာထင်ပြီး..သူ့နောက်လိုက်ခဲ့တာ...
သူ့ အသိုင်းအဝိုင်းမှာ..မျက်နှာလုံးဝ မငယ်ခဲ့ရပေ...။
.
"သမီး Jennie ရေ....အိမ်ရောက်ပြီနော်"
.
Jen အတွေးတွေထဲ ဘယ်လောက်တောင် နစ်မြုပ်သွားလဲ မသိ....Lisa ရဲ့ ဖခင်က လှမ်းပြောမှ သတိဝင်လာခဲ့သည်။...
ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ သမီးလေး ကလည်း..အခုမှ ခန္ဓာကိုယ်လေး လူးလွန့်ကာ..
နိုးထလာသည်။
.
"နိုးပြီလား...shii "

စေညွှန်ရာ..jenlisa Where stories live. Discover now