company ရောက်လာတော့ အကလေ့ကျင့်ခန်းရှေ့ ဖြတ်သွားရင်း
တွေ့လိုက်ရတဲ့ နာကျင်စရာတွေကိုပေးခဲ့သူ Chuကို Jennie အသိ
စိတ်ကင်းမဲ့ စွာ ကြည့်မိပြန်တယ်မြင်လိုက်ရတဲ့မျက်နှာလေးက ရွှင်ပြပြီးကြည်လင်နေတာမို့သူမဖန်တီး
ပေးခဲ့တဲ့ နာကျင်စရာတွေချည်းနှင့် ကိုယ့်ဘဝကိုယ်တွေးမိပြီး ဝမ်းနည်း
လာမိသည်...တစ်ဆက်တည်း မုန်းတီးခြင်းကလည်းအတူ
.ဒုတိယထပ်ကိုရောက်တော့ Ireneတို့ အဖွဲ့ရဲ့ အလုပ်ခန်းကို သွားရင်း Jennieကိုတစ်ချက်လှမ်းကြည့်မိတာ မျက်နှာကမကောင်းတာကြောင့်
"ခုဏက အကခန်းမှာတွေ့ခဲ့လို့ ဒီလိုဖြစ်နေတာလား Jennie?"
"မမေးဘဲနဲ့တောင် နင်အသိဆုံးဖြစ်မှာပါ Ireneရယ်"
အချိန်တွေကြာတာတောင် မမေ့နိုင်သေးတဲ့သူငယ်ချင်းဖြစ်သူကို သနား
မိတယ်...အဖြစ်မှန်တွေကိုပြောချင်ပေမယ့် အချိန်မကျသေးတာကြောင့်
စိတ်ထဲကနေသာ Jennieကိုတောင်းပန်နေမိသည်.
."အ!"
Irene အတွေးတွေလွန်နေတာ jennie ရဲ့အော်သံကြောင့် သတိဝင်ပြီး
ကြည့်လိုက်တော့ Jennieက ကလေးမလေး တစ်ယောက်နဲ့တိုက်မိပြီး
ထိုင်လျက်လဲကျနေတယ်...အဲ့ကောင်မလေးကိုသေချာကြည့်လိုက်မှ..."စီနီယာ Jennie မှတ်လား?...Lisaတောင်းပန်ပါတယ်နော်"
Lisaဆိုတဲ့နာမည်ကြောင့်Jennieကိုဝင်တိုက်မိတာCEOရဲ့သမီးမှန်း Ireneသိလိုက်သည်
.
.
"Jennie!...အဆင်ပြေရဲ့လား?ငါတွဲပေးမယ်"ထိုင်လျက်နဲ့ဝင်တိုက်လိုက်တဲ့ကလေးမကို ငေါက်နေတဲ့ Jennieကို
Irene ပဲထူပေးလိုက်ရတယ် ...မဟုတ်ရင် ဒီတစ်သက် ထမယ့်ပုံမပေါ်..."ဒီမှာ...နင်တို့တွေမျက်စိမပါကြဘူးလား?စကားတပြောပြောနဲ့ရှေ့
မကြည့်နောက်မကြည့်"ပြောပြီးတာနဲ့ ချက်ချင်းထွက်သွားတဲ့ Jennieနောက်ကိုIreneပြေး
လိုက်ရပြန်သည်
.
.
.
."ဘာလဲဟ!...တောင်းပန်နေတဲ့ဟာကို ဒီအဒေါ်ကြီးကတော့
အဲ့ဒါနင့်ကြောင့်"
YOU ARE READING
JUST ME AND U
RomanceJust me and U!! My love! Love is not to be a pretender. But I will make a world. There will be have just me and u❤❤ lijensoo.