Ep-4 Unicode

3.1K 233 9
                                    

"Unnie?...unnie က ဘယ်လိုလုပ်ပြီး​တော့?"

"Family doctor က ခရီးသွား​နေလို့ အဲ့ဒါ သူ့သမီးက အစား​
လာ​ပေးတာတဲ့"

အထဲကိုဝင်လာသူက lisa တို့အိမ်ရဲ့ မိသားစုဆရာဝန်မဟုတ်ဘဲ
unnie Jennie ဖြစ်​နေတာ​ကြောင့် lisaအံ့သြပြီးမေးလိုက်​တော့
အ​ဒေါ်ကြီးက ​ပြောလာခဲ့တယ်

"ဟုတ် ​အ​​ဒေါ်!...unnie ကို သမီးသိပါတယ်...​ဒေါ်​လေး သွားလုပ်
စရာရှိတာ သွားလုပ်​လေ...unnie ကို ထားခဲ့လိုက်ပါ"

အ​ဒေါ်ကြီးထွက်သွားသည်နှင့် unnieက lisaကုတင်​ဘေးရဲ့ ထိုင်ခုံ
မှာလာထိုင်တယ်

"Unnie က ဦး​လေး Kim ရဲ့သမီးမှန်း မသိခဲ့ဘူး"

"နင်သိဖို့လည်းမလိုပါဘူး...ပက်လက်လှန်...ငါနှလုံးခုန်နှုန်းစမ်းမလို့"

"Yarrrr!...Lisa အခုလိုဖြစ်တာ ဘယ်သူ့​ကြောင့်လဲ?...ဒီကJennie
ဆိုတဲ့ အ​ဒေါ်ကြီး​ကြောင့်​လေ"

သူ့​ကြောင့် ​နေမ​ကောင်းဖြစ်တဲ့သူကို လာ​ဟောက်​နေတဲ့ အ​ဒေါ်ကြီးကို
Lisa ပြန်ရန်​တွေ့လိုက်​တော့ သူမရဲ့ မျက်​စောင်းက lisaဆီ ဒိုင်ခနဲ..

"ငါနဲ့ ဘာဆိုင်လို့လဲ?...နင့်ဘာသာဖျားတာ​လေ"

"ဘာ?...မဆိုင်ဘူး ဟုတ်လား?...unnie ကား​ပေါ်က​နေ lisaကိုနှင်ချ
လို့ အဲ့​နေရာမှာ ​​ကားအလာ​စောင့်​နေရင်း မိုးမိပြီးဖျားတာ​လေ"

"သိပြီမို့ ပါးစပ်ပိတ်​နေစမ်းပါ"

Lisa လည်း ဘားမှ ထပ်မ​ပြော​နေ​တော့ဘဲ လှဲ​ပေးလိုက်တယ်...သူမက
​စမ်းသပ်​ပေးပြီးတဲ့​နောက်...

"အဖျား​တော့ရှိတယ်...ငါ​ဆေး​ပေးခဲ့မယ်"

"Unnie က ဆရာဝန်​ရောဟုတ်လို့လား?"

"ဘာ​ပြောတယ်?"

"ဟုတ်တယ်​လေ...unnie ကို အနုပညာရှင်လို့ပဲ lisaသိထားတာ"

"Ya!...ငါက ဆရာဝန်ဟဲ့ ဆရာဝန်!...မသိရင် Google ​ခေါက်ကြည့်
Jennie Kim ရဲ့ Job မှာ အနုပညာရှင်​ရော ဆရာဝန်​ရော ​တွေ့လိမ့်
မယ်"

သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ​ပြော​နေတဲ့ Jennie ကိုကြည့်ပြီး lisa
ရယ်မိတယ်

"ဟုတ်ပါပြီ...Lisaမသိလို့ပါ"

"တကတည်း စကားအရမ်းများတာပဲ...နင့်ကို​ဆေးလာကု​ပေးမိတာငါ့
အမှား"

JUST ME AND UWhere stories live. Discover now