Ep-27 Unicode

2.4K 154 10
                                    

စိတ်ပူ​နေရမှုတွေနဲ့အတူ ညကလည်းထပ်​သောက်ဖြစ်​တော့
နောက်တစ်​နေ့မနက်မှာ ​နေ​ရောင်ထိ​တွေ့မှုကိုခံစားမိတာ​တောင်
Lisa အိပ်ယာက​နေ မထချင်​သေးဘူး

ဒါ​ပေမယ့် ပါးပြင်​ပေါ်ကိုကျလာတဲ့ ​ခပ်​​နွေး​နွေးစိုစွတ်မှုက
လူကို ချက်ချင်း ​ငေါက်ခနဲ လန့်နိုး​စေတဲ့ အထိ


.


"Honey!"


.



ကြည့်လိုက်​တော့ ချက်ချင်းမျက်နှာလှည့်သွားတဲ့သူက
Lisa ​လွမ်း​နေရတဲ့ honey ပါပဲ

ဒါ​ပေမယ့် ​ကျော​ပေးထားပြီး ပြု​မူ​နေတဲ့ လှုပ်ရှားမှု​တွေက
Honey ငို​နေတာများလားလို့ ထင်မိ​စေတယ်


.


"ငို​နေတာလား honey?

ဘာဖြစ်လို့လဲ ဒီဖက်လှည့်ပါဦး"


"Honey​ကြောင့် babyစိတ်ဖိစားရလားဟင်?"



.



ရင်ခွင်ထဲကို​ခေါင်းတိုးဝင်ပြီးငို​နေတဲ့ honeyက
Lisa တစ်ခါမှ မ​တွေးဖူးတဲ့ စကားများ​ပြောလာတယ်

ချက်ချင်း ရင်ခွင်ထဲက honeyကို ထုတ်လိုက်ပြီး
မျက်နှာချင်းဆိုင်လိုက်​တော့

ဝမ်းနည်းစွာ ရှိုက်ပြီးငို​နေတဲ့ honey...


.



"ဘာလို့ဒီလိုစကား​ပြောတာလဲ?

ပြန်​ရောက်တာလည်းမ​ပြောဘူး honey"



"Jisoo ကိုလာကြိုခိုင်းလိုက်တာ

Babyကို surprise လုပ်မလို့ဆိုပြီး
တမင်မ​ပြောဘဲ Jisoo ကိုလာကြို​ပေးခိုင်းတာ"



.




သိလိုက်ပါပြီ Jisoo ဆိုကတည်းက
Honey သိသွားပြီဆိုတာ lisa သိလိုက်ရပြီ



.



"Babyအတွက် honeyက စိတ်ရှုပ်စရာဖြစ်ခဲ့လို့လားဟင်?"



"မဟုတ်ဘူး honey!
အဲ့ဒါ honey​ကြောင့်မဟုတ်ပါဘူး

Baby မှာ အရင်တည်းက အဲ့​ရောဂါရှိ​နေခဲ့တာပါ"



.



ငိုပြီး ​ပြောမိတယ်

ဒီအချိန်မှာ
ဝမ်းနည်း​နေတဲ့ honeyကို​တောင် မနှစ်သိမ့်​​ပေးနိုင်ဘဲ
Lisa ကိုယ်တိုင်လည်း အရမ်းစိတ်ထိခိုက်​နေတာမို့ ငိုမိတယ်



JUST ME AND UTempat cerita menjadi hidup. Temukan sekarang