"Happy birthday to you
Happy birthday to youHappy birthday dear baby
Happy birthday to you".
မှောင်နေတဲ့ ထမင်းစားခန်းလေးထဲမှာ
ဖယောင်းတိုင်မီးတွေထွန်းထားတဲ့ cakeတစ်လုံးရယ်
Jennie ရယ်ပဲရှိလို့နေခဲ့တယ်.
"ပျော်ရွှင်စရာ 31ပြည့်မွေးနေ့လေးပါ baby!"
.
ကျလာတဲ့မျက်ရည်တွေနဲ့ အတူ
ဖယောင်းတိုင်မီးလေးကိုမှုတ်လိုက်ပြီး
ဘေးမှာချထားတဲ့ ဓါးကို လှမ်းကိုင်လိုက်တယ်Cake ပေါ်မှာဦးတည်နေတာမဟုတ်ဘဲ
ဓါးအသွားက Jennieရဲ့ ဘယ်ဖက်လက်ကောက်ဝတ်ပေါ်မှာစိတ်ပိုင်းဖြတ်ထားတဲ့ မျက်နှာအနေအထားနဲ့
တဖြေးဖြေး ဓါးကိုဖိချလို့ထားတယ်ဒါပေမယ့် နားထဲဝင်လာတဲ့တစ်ချိန်ကစကားတွေ
*honey ဆက်ပြီးရှင်သန်မယ်လို့ကတိပေးပါ*
ပဲ့တင်သံလိုထပ်နေတဲ့ အသံတွေကြောင့်
မျက်ရည်တွေနဲ့ အော်ဟစ်လိုက်ရင်း
ဓါးကို စားပွဲပေါ်ချထားလိုက်တယ်.
"ဘာလို့လဲ?
ဘာလို့လဲ babyရယ်?"
.
ရင်ဘက်ကိုဖိရင်း ငိုကြွေးနေပေမယ့်
Babyက ကြားပါ့မလားတောင် မသိပါဘူး.
"Honey!"
.
*ထပ်ပြီး ကြားရပြန်ပြီ ဒီအသံတွေ*
စိတ်ထဲရေရွတ်လိုက်ရင်း cakeကို
ချထားတဲ့ဓါးကိုကောက်ပြီး ထိုးဆွနေမိတယ်.
"Honey!"
.
ဓါးကို cakeထဲမှာ ထိုးစိုက်ရင်း
ရပ်တန့်သွားခဲ့ရတယ်2ခါတောင် ကြားရတဲ့ အသံလေးကြောင့်
Jennie အသံလာရာဆီကြည့်လိုက်တော့
ထမင်းစားခန်းတံခါးဝနားမှာရပ်နေတဲ့ baby.
"တကယ်လား?"
"Honey!"
YOU ARE READING
JUST ME AND U
RomanceJust me and U!! My love! Love is not to be a pretender. But I will make a world. There will be have just me and u❤❤ lijensoo.