' For Maria '

2.4K 192 23
                                    


#Unicode

ရှိသမျှအားအင်တွေအကုန်သုံးကာ စကား‌တွေပြောလိုက်ရ၍ အရုပ်ကလေးသည် ပင်ပန်းနွမ်းနယ်နေခဲ့သည်။
ခံစားချက်တွေမရှိပါလျက်နဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့လို့ပဲနေမည် ။
ဒါမှမဟုတ် သခင်ရဲ့အမိန့်မပါပဲ ဗီဒိုအပြင်ကို ခိုးထွက်ခဲ့ရလို့ပဲလား ။

သခင့်မျက်နှာတော်က အလိုမကျ အမြတ်ဒေါသတွေကို ကြောက်ရွံမိပါသော်လည်း Rosy ကျေနပ်သည် ။
မိမိပြောပြချင်သောစကားများအားထည့်သွင်းသိမ်းဆည်းထားသော အသံသွင်းတိပ်ခွေကို ပီတိတွေဖြင့်ခေတ္တကြည့်နေလိုက်သည် ။
ဒီစကားတွေကို ကြားရင် သခင်သည် အမိန့်မနာခံတဲ့ အရုပ်မလေးကို ခွင့်လွှတ်ပေးနိုးနိုး ။

" အမလေး !!! ဘာကြီးလဲ ကယ်ကြပါဦး ! "

ကြမ်းပြင်ပေါ်၌ လဲကျနေသော Rosy သည် အော်သံ၏လာရာကို ခေါင်းလေးစောင်းပြီး လှည့်ကြည့်လိုက်တော့ တံခါးဝ၌တံမြက်စည်းကိုကိုင်ကာ ကြောက်လန့်တကြားအော်ဟစ်နေသော အ‌စေခံအမျိုးသမီးကိုတွေ့လိုက်ရတော့သည် ။
Rosy သည် ဗီဒိုထဲမှ ဒီအထိသခင်၏အကူအညီမပါပဲ လျောက်လှမ်းလာရတာကြောင့် အကြိမ်ကြိမ်မှောက်လဲကျပြီး အဆစ်တွေလွဲနေပြီဖြစ်သည် ။
ယခု တိပ်ခွေလေးကိုပိုက်ရင်း ကြမ်းပြင်ပေါ်၌ လဲကျနေသော အရုပ်ကလေးသည် ခြေလက်တွေကွေးကောက်နေသော ကြောက်စရာသတ္တဝါတစ်ကောင်ပမာ ။
လိမ်ကျိုးနေသော ခြေလက်တွေကြောင့် သခင်ရောက်လာပြီး ပြုပြင်ပေးမယ့်အချိန်ကို Rosy စောင့်ခဲ့တာဖြစ်သည် ။
ဒါပေမယ့် ဘယ်သူကထင်ထားမှာလဲ တခြားသူတစ်‌ယောက်က Rosy ကို ဒီလိုပုံစံနဲ့ရှာတွေ့သွားမယ်လို့ ။

" အာ အူး  . . . "

ဒီအရုပ်လေး နာမည်က Rosy ပါ . . . နင့် နာမည်ကဘာလဲ ဟင်  . . . ?

Rosy သည် ပါးစပ်ကလေးဟကာ စကားတွေပြောလိုက်သည် ။
ထိုအမျိုးသမီးအ‌စေခံသည် သခင်၏အခန်းကို အစဉ်အမြဲသန့်ရှင်းပေးနေကြမို့ Rosy သည် သူမအားလွန်စွာရင်းနှီးသည် ။

" အား !  မကောင်းဆိုးဝါးကြီး ကယ်ကြပါဦး !!! "

သို့သော် အစေခံသည် အရုပ်ကလေး၏ပယ်ရွဲ့ကာပုံမှန်မဟုတ်သော နှုတ်ခမ်းလှုပ်ရှားမှုမှ ထွက်ပေါ်လာသော ထူးဆန်းတဲ့အသံများကို နားမလည်နိုင်ပေ ။
သာမန်မဟုတ်သောတဂျွတ်ဂျွတ်အသံကြီးက ရွဲ့စောင်းနေသောခန္ဓာကိုယ်ပုံသဏ္ဌာန်နဲ့ပေါင်းစပ်တော့ မိန္ဆာ မကောင်းဆိုးဝါးတစ်ကောင်လို အကျည်းတန်နေလေတော့သည် ။
အော်ဟစ်ကာထွက်ပြေးသွားသောအစေခံအား အရုပ်မလေးသည် ပါးစပ်ကလေးဟကာ ကြောင်ငေးကျန်နေခဲ့သည် ။
သို့သော် Rosy သည် တိပ်ခွေကိုပိုက်ကာ ပျော်ရွှင်နေခဲ့သည် ။ 

Man-made (Completed)Dove le storie prendono vita. Scoprilo ora