Carissime-9

264 21 1
                                    

Unicode:

-၂၁ရာစုအစောပိုင်း-

ဒီနေ့ကရာသီဥတုဟာကောင်းကင်ပြာမှာတိမ်ထူထူတို့စိန်ပြေးတမ်းကစားနေတယ်လို့ဆိုရလောက်တဲ့အထိသာယာတယ်။နွေဦးရောက်နေတော့သစ်ပင်တချို့ကရွက်ဝါတွေရော်လို့ကြွေလို့။

ရှောင်းကျန်နဲ့ဟိုက်ခွမ်းလည်းအတန်းတင်စာမေးပွဲပြီးပြီမို့အိမ်မှာပဲဝေလေလေပေမဲ့ဟိုဘက်အိမ်နဲ့ဒီဘက်အိမ်နှစ်အိမ်ခွဆော့နေရလို့မအားရှာပါဘူး။အိမ်အလုပ်တွေကူပေးလားဆိုတော့ပိုက်ဆံပေးရင်ကူလုပ်ပေးတဲ့ဲတရုတ်ချစ်တီးပေါက်စတွေပါပဲ။ဒါပေမဲ့အဲ့ပိုက်ဆံတွေရဲ့စည်းစိမ်တွေကိုခံစားရသူကနှစ်အိမ်လုံးရဲ့အသည်းညှာလေးရိပေါ်ပဲဖြစ်တယ်။ပေါ်သမျှကစားစရာအသစ်အဆန်းဆိုမိဘတွေထက်ဖြည့်စည်းပေးချင်ကြတဲ့ဟိုက်ခွမ်းနဲ့ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်လေးမှာလည်းဆော့ရတာလက်မလည်ရှာဘူး။

ရှေးဘဝဆုတောင်းကောင်းပုံရတဲ့ဝမ်ရိပေါ်ပေါက်စလေးကဖူးဖူးမှုတ်အောင်အလိုလိုက်ကြတဲ့အကိုနှစ်ယောက်ကြောင့်နည်းနည်းလေးဆိုးချင်တယ်။တခုခုဆိုရိပေါ်လေးကိုဟောက်လိုက်တာနဲ့ကလေးနားလေးကိုပြေးပိတ်ပေးတဲ့ဟိုက်ခွမ်းနဲ့ပြေးဖက်ရတဲ့ရှောင်းကျန့်နဲ့။ဟိုဂျင်ထက်လည်တဲ့ပေါက်စီလုံးလေးကလည်းအကိုတွေအားကိုးနဲ့တခုခုဆိုကိုကိုအော်လိုက်၊ကိုကြိီးလို့မပီတပီလေးအော်အော်ခေါ်ပြီးစစ်ကူတောင်းတတ်သေး။အိမ်ကလူကြီးတွေခမျာကလေးကိုဆုံးမချင်ရင်တောင်ဒီအစ်ကိုနှစ်ယောက်နဲ့အရင်ရင်ဆိုင်ရမလိုဖြစ်ပြီးဒေါသတွေလည်ပျောက်ကုန်ပါတယ်။

ရိပေါ်လေးကိုသည်းသည်းလှုပ်နေတာကလွဲရင်ဟိုက်ခွမ်းရော၊ရှောင်းကျန့်ရောကစာတော်ပြီးလိမ္မာအေးဆေးတဲ့ကလေးတွေပဲကို။နွေးထွေးလုံခြုံတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာပြီးမေတ္တာထက်အပြာ့်အဝရတဲ့ရိပေါ်လေးကလည်းဒီလိုပဲလိမ္မာမယ်လို့ယူဆရတာပါပဲ။

"အူးအူးအေ အူရေး"

လက်ရှိရှောင်းအိမ်မှာတော့မိသားစုကာရာအိုကေလေးဖြစ်လို့နေပါတယ်။အကိုနှစ်ယောက်ကြားတီတီတာတာပြောတတ်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ရိပေါ်လေးကသီချင်းတွေဆိုလို့နေတယ်။ဟိုက်ခွမ်းနဲ့ရှောင်းကျန့်တို့ဆိုသမျှကိုနောက်ကနေခပ်တည်တည်နဲ့ဝါးချနေတဲ့ရိပေါ်လေးရဲ့ပါးအို့ရဲရဲလေးတွေကလှုပ်လဲ့လဲ့နဲ့။အစိမ်းရောင်အကျႌလေးထဲမြုပ်ပြီးဒူးလေးလှုပ်ကာလှုပ်ကာနဲ့တင်လေးကိုနောက်ပစ်ပြီးကနေပုံလေးကအသည်းယားဖို့တကယ်ကောင်းတယ်။

You've reached the end of published parts.

⏰ Last updated: Apr 14, 2022 ⏰

Add this story to your Library to get notified about new parts!

CarissimeWhere stories live. Discover now