Ohh...oh my lord..."13"

22.1K 2.7K 387
                                    

#unicode
#zawgyi

ယနေ့သတင်းစာတွင် ခေါင်းကြီးပိုင်းသတင်းကတော့ ဝန်ကြီးချုပ်လောင်းနဲ့သူရဲ့သတို့သမီးအကြောင်းပင်....၊
သူတို့နှစ်ယောက်ကို သီးသန့် interview ချင်တဲ့ သတင်းထောက်တွေမှာ တန်းစီနေတာပင်....၊

မထင်မှတ်ပဲ စေ့စပ်လိုက်တဲ့ ပွဲသည် ကောလဟာလသဖွယ် ဖြစ်ပေါ်နေတဲ့
လမင်းခကြွေနဲ့သတင်းတွေကို မီးနဲ့ငြိမ်းလိုက်သလို...၊အချို့ကလည်း သူတို့နှစ်ယောက်ရဲ့လူမှုရေးစီးပွါးရေး အခြေအနေကို အကဲခတ်နေတုန်းပင်....၊

သတင်းစာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ဝင်လာတဲ့
ကောင်းဇေယျာပိုင်ကြောင့် ခ ခ နီးရာနဲ့ကောက်ထုချင်စိတ်တွေ ဖြစ်နေမိပြီ...၊

"ဘာလာလုပ်တာလဲ....."

ပြီတီတီ မျက်နှာ နဲ့ ငြမ်းသည်လည်း ခ ခရဲ့ ရှေ့တွင် သတင်းစာတွေချပေးလိုက်သည်။
သေချာသည်ထ်ိုသတင်းစာတွေအားလုံးသည်သွန်းစေရာသော်နှင့် အမရာတို့ရဲ့စေစပ်သောခေါင်းကြီးပိုင်းပါတဲ့သတင်းစာတွေပင်....

"သတင်းစာများ အကို ဖတ်ချင်နေမလားလို့...."

"မလိုဘူး....ဒါနဲ့ မင်းက ငါကိုအထင်သေးတာလား....ကောင်းဇေယျာပိုင်..ညီလေး
ကိုယ်ကလေ အသည်းကွဲလို့ ထိုင်ငိုနေမယ်လို့ထင်နေတာလားကွ...."

ငြမ်းသည် တစ်ချက်ပြုံးလိုက်ပြီး

"မထင်ပါဘူး...ဒါမယ့်ညီ ကြားဖူးတဲ့စကားတစ်ခွန်းရှိတယ်အကိုရဲ့...ဘာတဲ့...သိတော့သိတယ်ဒါမယ့် လက်တွေ့မလုပ်နိုင်သေးဘူးဆိုရင် တကယ်မသိဘူးတဲ့....အဟက်...အကိုလည်းအဲလ်ိုပဲ..ဒါကြောင့်ညီကပဲအကို တကယ်လက်တွေ့လုပ်နိုင်အောင် support ကောင်းကောင်းလ်ိုနေတာမို့Exကြီးရဲ့ ကြည်နူးဖွယ်မြင်ကွင်းလေး တွေ တကူးတက လာပြတာ... "

ခ ခ တစ်ချက်ပြုံးလိုက်ပေ့မယ့် ချက်ချင်းပြန်တည်နေလိုက်သည်။

"မင်းအလုပ်အကိုင်မရှိဘူးလား"

" ငြမ်းတို့က ပညာနဲ့အလုပ်လုပ်တာလေ...ခွန်အားနဲ့ အလုပ်လုပ်ရတာမဟုတ်တော့ ကိုယ့်သဘောကျတဲ့ သူကိုအချိန်တွေပိုပေးနိုင်တယ်...အကိုနော်..ကောင်လေးရွေးရင် ညီလို လူမျိုးကို ရွေးသင့်တယ်....ဂရုစိုက်နိုင်တယ်.. အချိန်ပေးနိုင်တယ်...အကြံကောင်းတွေလည်း​ပေးနိုင်တယ်...စည်းစိမ်ဥစ္စာအရည်အချင်း 100%ပြီးပြည့်စုံနေတဲ့ ကျွန်တော်ဟာ အကို့ကိုအရမ်းရမ်းသဘောကျနေတဲ့ ငြမ်း....."

Ohh  Oh my LordWhere stories live. Discover now