Ohh oh my lord..."8"

23.2K 2.7K 297
                                    

#unicode
#zawgyi

နိုင်ငံရေးသတင်းတွေကိုသာအဓိက တင်ဆက်တဲ့
Tv လိုင်းတစ်ခုကို ဖွင့်ကာနားထောင်နေတဲ့ခ ခ...

ထိုTvလိုင်းတွင် interview တစ်ခုလာနေတာမို့စိတ်ဝင်တစားနားထောင်နေမိသည်။
သူရဲ့နှုတ်ခမ်း ထက်တွင်လည်းလှပသောအပြုံးလေးတွေနဲ့ပေါ့....
ခခနဲ့ ကိုကိုမတွေ့ရတာ ၁ပတ်ကျော်ကြာပြီ....၊
တစ်လတစ်ခါစစ်နေရတဲ့ ကျောက်တွင်းဘက်ကို
ခ ခကိုယ်တိုင်စစ်ဆေးနေရတာမို့ ဒီတစ်ခါ
ရက်နည်းနည်းရှည်နေသည်။

လွမ်းနေပြီလို့ပြောရင်အပိုတွေဖြစ်မလား....
ဒါမယ့် ခ ခသတိတော့ရနေပါသည်။

အခုလည်းကိုကို့ရဲ့ အင်တာဗျူးကိုကြည့်နေသည်မှာအချိန်တော်တော်ကြာပြီးဖြစ်တာမို့ အကြောနည်းနည်းဆန့်ပြီးမှပြန်ထိုင်ကာ ထပ်ကြည့်လိုက်သည်။

အခန်းထဲသို့ဖိုင်တစ်ထပ်နှင့်ဝင်လာသော
ကိုအုပ်စိုးပိုင်သည်လည်း ထိုinterviewကို
တစ်ချက်ကြည့်ပြီး

"ဦးသွန်းစေရာသော်ရဲ့အရည်အချင်းကတော့အံ့မခန်းပဲ အကိုလေး.... အရမ်းကိုဟော့ထနေပြီ....ဒါမယ့် သူလုပ်သွားတဲ့ဖွံ့ဖြိုးရေးတိုင်းကလည်း KK နာမည်တွေနဲ့ပဲ လုပ်သွားတာ...
သူသာဝန်ကြီးချုပ်ဖြစ်ရင် တော်တော်တိုးတတ်လာမှာပဲ....နိုင်ငံလည်းတိုးတတ်လာမှာပဲ"

ကိုအုပ်စိုး ရဲ့အပြောကို ခ ခပြုံးလိုက်ပြီး
ဖိုင်ကိုလှမ်းယူလိုက်ကာ....

"အင်း...အဲလ်ိုထင်တယ်ပေါ့...."

အေးဆေးနေနေတဲ့ အကိုလေးကို ကြည့်ပြီး
တစ်ခါတစ်လေ အံ့သြမိသည်။
အကိုလေးနဲ့ဝန်ကြီးချုပ်လောင်းရဲ့အနေအထားအခြေအနေကိုလည်းရိပ်မိသည်။

နောက်ဆုံး ထိုဝန်ကြီးလောင်းရဲ့အကိုလေးထံသို့ချည်းကပ်ရခြင်းအကြောင်း အရင်းတွေပါသိထားပေ့မယ့် ခပ်ခွါခွါ နေရမယ့် အစားဘာမှမဖြစ်သလိုပဲ .....

အကိုလေးဘေးမှာ ကြာကြာတွေးမရ အလုပ်စာရင်းတွေ ပြန်လုပ်ရတာမို့ အာရုံက အလုပ်ထဲပြန်ရောက်သွားသည်။

နာရီဝက်လောက်အ​ကြာမိုင်းရှူးကျောက်တွင်းတာဝန်ခံ ဦးအောင် ဝင်လာပြီး....

Ohh  Oh my LordOpowieści tętniące życiem. Odkryj je teraz