Ohh Oh my lord... Extra Final

36K 1.8K 311
                                    

#unicode
#zawyi

အထူးခန်းထဲမှာအိပ်ပျော်နေတဲ့  ကလေးလေးကို သေသေချာချာစောင့်ကြည့်ပြီးမှ သွန်းစေရာသော်အပြင်ကို ထွက်လာလိုက်သည်။

အပြင်ရောက်တာနဲ့ သူလုပ်မယ့်အရာတွေကိုသိနေတဲ့ စီတွန်က သူ့ရှေ့က ပိတ်ရပ်လိုက်တာမို့ သွန်းစေရာသော်မျက်မှောင်ကြုံ့သွားသည်။

"စီတွန်..."

"မင်းသား....အန္တရာယ်များပါတယ်..သခင်လေးက ကျွန်တော်တို့အတွက်အရေးကြီးတဲ့ သူပေမယ့် မင်းသားကကျွန်တော်တို့တွက်မရှိမဖြစ်..အာ့"

စကားတောင်မဆုံးသေး စီတွန်ရဲ့ လည်ပင်းကိုဆွဲညစ်ပြီး နရံကို ဖိကပ်ထားတဲ့ သွန်းစေရာဟာဘာ်လောက်တောင် ဒေါသထွက်နေသလဲဆိုရင် သူရဲ့မျက်ဝန်းများက သက်သေပင်...။

"Lord. ..ကလေးလေးရဲ့ နာမည်ကို ကLord ဆိုတာ ဘာလဲသိလား...ဘာအဓိပ္ပါယ်လည်းသိလား... သူမရှိရင် ငါရှိတော့မှာမဟုတ်ဘူး...သူတစ်ခုခု ဖြစ်ရင် ငါတို့ရှင်သန်စရာမလိုတော့ဘူး သိလား....ငါအတွက်မရှိမဖြစ် Lord ကိုသာစောင့်ရှောက်ထား...ကြားလား..."

"ဟုတ်..ဟုတ်ကဲ့ပါ မင်းသား... "

"နောက်တစ်နာရီနေရင် ငါ့သူဆီကိုသွားမယ်..."

"ကျွန်တော်သက်တော်စောင့်တွေ ထည့်ပေးလိုက်ပါမယ်..."

"မလိုဘူးစီတွန်... သူက ငါ့အတွက် ရန်သူမဟုတ်တဲ့ ချစ်ရသူပါ..."

စီတွန် သက်ပြင်းချမိသည်။ တကယ်လ်ို့သာပြောခွင့်ရှိမယ်ဆိုရင် သူပြောပြချင်ရဲ့
ချစ်ခြင်းတရားကပဲ မင်းသားကိုသေစေခဲ့ဖူးတယ်မဟုတ်လားလို့ဆိုပြီးပေါ့...။

သက်တော်စောင့်တစ်ယောက်အနေနဲ့ မင်းသားနဲ့ မင်းသား ရဲ့အဖိုးတန်တဲ့အရာတွေကိုသာ သူမှာစောင့်ရှောက်ခွင့်ရှိသည်။

နှလုံးသားရေးရာမှာတော့ဝင်ရောက်စွပ်ဖက်ခွင့်မရှိ...။

အန္တာရယ်ကင်းဖို့ သူတိတ်တဆိတ် ကိုယ်ရံတော်တွေ ထည့်ပေးမည်ဟု ပဲ တွေးလိုက်သည်။

သွန်​စေရာသော် မှာစရာရှိတာတွေမှာပြီးတာနဲ့
သူရဲ့ဝတ်စုံကို သေချာပြင်ဆင်လိုက်ပြီး
အခုထိတိုင်အိပ်ပျော်နေတဲ့ ကလေးလေးရဲ့အခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။

Ohh  Oh my LordDove le storie prendono vita. Scoprilo ora