Ohh oh my lord..."19"

21.5K 2.5K 302
                                    

#unicode
#zawgyi

မနေ့ကညဘက်တွင် ဖြစ်ပွားခဲ့တဲ့ နောင်ချိုမှပေါက်ကွဲမှု ၊လက်ရှိဝန်ကြီးချုပ်ဦးထွဋ်ခေါင်ရဲ့
စံအိမ်မှ နိုင်ငံတော်သို့ ပုန်ကန်ရန် သိုလှောင်ထားတဲ့ လက်နက် ခန်း ပေါက်ကွဲ မှုဟူသောသတင်းများသည်  Mediaများပေါ်တွင် အဟော့ဆုံး
သတင်းတစ်ခုဖြစ်ပြီး အားလုံးမှစိတ်ဝင်စားနေသော အမှုတစ်ခုဖြစ်နေသည်။

နိုင်ငံတော်မှ အထူးတပ်ဖွဲ့ တစ်ခုကို အားချင်းဖွဲ့လိုက်ပြီး ကျပ်ကျပ်မတ်မတ်စုံစမ်းခိုင်းနေချေပြီ...။

သတင်းMediaတွေမှလည်းမျက်ချေ မပြတ်စောင့်ကြည့်နေတာမို့နိုင်ငံရေး ထိပ်သီးပိုင်းများမှာ
အမြှီးဝှက်နေကာ သိုသိုဝှက်ဝှက်နေကြရပြီ...။
ညောင်ဥတူးရင်ပေါက်သင်ဥပေါ်တာမျိုးတော့အဖြစ်မခံနိုင်ကြတာမို့ အားလုံးမှမလှုပ်ရဲ့ကြပေ....။

ဦးစေရာနိုင် ဧည့်ခန်းထဲတွင်ခေါက်တုန်ခေါက်ပြန်
လျှောက်နေသည် မှာနာရီဝက်ခန့်ကြာနေချေပြီ....။

လက်နက်မှုကြောင့်မိသားစုလိုက် အမှုဖွင့် ခံထားရတဲ့ ဦးထွဋ်ခေါင်ရဲ့ မိသားစု...၊

နောင်ချိုမှပေါက်ကွဲမှုကိုတော့ အထူးအေဂျင့်အဖွဲ့မှလိုက်လံစုံစမ်းနေပေမယ့်ပြန်ပေးဆွဲခံရတဲ့ လမင်းခကြွေ ရဲ့အကြောင်းကတော့ သတင်းသဲ့သဲ့တောင်ထွက်ပေါ်လာခြင်း မရှိတာမို့
ဒီကောင်လေးရဲ့အရှိန်အဝါဟာ ခန့်မှန်းမရတဲ့ အထိဖြစ်နေရပြီ....။

ပေါက်ကွဲမှုသီးသန့်ကိုသာစုံစမ်းနေတဲ့ အထူးတပ်ဖွဲ့တွေဟာ ပြန်ပေးစွဲ မှုကို တော့ သဲ့သဲ့လေးတောင်စုံစမ်းတာမျိုး မလုပ်တာမို့ သာမာန်ကိစ္စမျိုးမဟုတ်ဘူးဆိုတာ ရိပ်မိလာသည်။

စာပွဲခုံပေါ်တွင်ချထားတဲ့ Phone ringtoneမြည်လာတဲ့အခါ ဦးစေရာနိုင် မျက်မှောက်ကျုံ့ကာ ကောက်ကိုင်လိုက်သည်။

"ပြော...."

/နောင်ချိုမှာ ခေါင်ရှန်းတို့ ရှင်းလင်းခံရတာ
အထူးတပ်ဖွဲ့ တွေကိုယ်တိုင် ရှင်းလင်းသွားတာဆရာ/

ဦးစေရာနိုင် မျက်မှောင်ကျုံ့ သွားသည်။

"အထူးတပ်ဖွဲ့...ဘယ်သူရဲ့တပ်ဖွဲ့လည်း...."

Ohh  Oh my LordWhere stories live. Discover now