"Siiiii"
Gun စိတ်မရှည်စွာအော်လိုက်တော့
သဲပုံကြားထဲက၉လသားလေးက "အမ်"တဲ့။"GunGun ပြောထားတယ်မဟုတ်လားသဲတွေမဆော့ပါနဲ့လို့"
ဟုတ်ပါတယ် ၉ လသားကို ၂ နှစ်သားလေးကဆူနေတာပါ။
Gun အော်လိုက်တော့ငိုမဲ့မဲ့နဲ့ Gun ကိုလာဖက်သည်။"GunGun ကိုစောင့်ပါလို့ Si ကိုမပြောဖူးလား"
ပိုပြီးတင်းတင်းကြပ်ကြပ်ဖက်လာတဲ့လက်သေးသေးလေး
တွေကြောင့် Gun မှာစိတ်ဆိုးရခက်။၂ နှစ်သားလေးအတွေးထဲမှာတော့ ၉ လကလေးလေးကို အသည်းယားနေတာပဲ။
ဒီကလေးလေး အဲ့လောက်တောင်တတ်ရလား?
မေမေပြောတာတော့ Gun ကတစ်နှစ်လောက်မှတတ်တာတဲ့။ဒီလိုကျတော့လဲခွင့်မလွှတ်ပဲမနေနိုင်။
"အွန့် ပြီးရော GunGun ခွင့်လွှတ်လိုက်မယ်"
"ဟီဟိ"
မရှိတဲ့သွားလေးတွေဖြဲပြီးရယ်ပြကာ လက်ယက်ခေါ်ပြီး
သဲပုံကိုပုတ်ပြသည်။Gun ထိုင်ချလိုက်ကာ Si ရဲ့ပေါက်စီဖောင်းဖောင်းလေးကို
နမ်းလိုက်သည်။Si ကဒါမျိုးတော့မကြိုက်ဘူး သူ့ပါးလေးကိုလက်နဲ့သုတ်ပြီး
မျက်ခုံးကျုံ့ကာလှည့်ကြည့်သည်။"ဟီဟီ"
Gun လဲသူတစ်ပြန်ကိုယ်တစ်လှည့် ရှိတဲ့သွားလေးတွေဖြီးပြလိုက်သည်။
*************
"သားသားတို့ရေ"
ညနေစောင်းတော့ မေမေတို့ကအော်ခေါ်နေပြီ။
ဘမ်ဂလ်ိုလေးရှေ့ကသဲပုံပေါ်မှာထိုင်ဆော့နေတာ ၃နာရီ
လောက်ရှိပြီ။ဒါကြောင့်မေမေတို့လှမ်းခေါ်တာဟု Gun တွေးမိသည်။
"Si သွားရအောင်"
မက်တပ်ရပ်ကာ လက်ကမ်းပေးလိုက်တော့
သူကချီဆိုတဲ့သဘောနဲ့လက်နှစ်ဖက်ပြန်တမ်းပေးသည်။"GunGun က Si ကိုဘယ်လိုချီနိုင်မှာလဲ Si ကလေးပြီးနင့်
နေတာကို"ဒါလဲနားလည်ပြန်တယ်။
"ဟွန့်"ခနဲနှာမှုတ်ကာ "မယ်မယ်မယ်" နဲ့အမေတို့ကိုလှမ်း
ခေါ်သည်။